Spelling Prisoners ဘာသတ်ပုံလဲ

မနှစ်က ပုဂံငလျင်သတင်းကိုတင်ကြတာမှာ သတ်ပုံအမှားတွေ ရွေးထုတ်လိုက်သလိုထွက်ထွက်လာတယ်။ စူဠာမဏိကို ရေးကြတာ စူဌာမဏိ၊ စူဋ္ဌာမဏိ၊ စုဋာမဏိ၊ စုံနေတာပဲ။ မှားတယ်။

ဌာ နဲ့ ဋ္ဌာ မတူပါ။ ဋာစာလုံးမြင်တိုင်း ပဋာစာရီပဲထင်မိတယ်။ ဘုရားဘွဲ့တော်တွေကိုတော့ မှန်မှန်ကန်ကန် ရေးသင့်ကြပါတယ်။ အသံထွက်မှန်အောင်မထွက်ကြလို့ စာလုံးပေါင်းမှားရေးတာဖြစ်မယ်။ စူလာမနိသံထွက်ပါတယ်။ တခြားသတ်ပုံတွေဆိုရင် စူထာမနိ၊ စူတာမနိဖြစ်ကုန်မယ်။

ဒဏ်ကိုလည်း ဒါဏ်လို့ရေးနေကြတာ မှားတယ်။ စစ်အစိုးရဒဏ်ခံကြရတဲ့ နိုင်ငံရေးအကျဉ်းသား (နိုင်-ကျဉ်း) စာရင်း ပြုစုသလို ထောင်ချခံရတဲ့ မြန်မာစာသတ်ပုံတွေပါ ပြုစုရင်ကောင်းမယ်။ နိုင်ငံရေးသတ်ပုံ (နိုင်-ပုံ) လို့ခေါ်မယ်။

စာရင်းမဝင်တဲ့ ပြည်ပြေးသတ်ပုံ (ပြေး-ပုံ) ကိုလည်း မမေ့ကြပါနဲ့။ Smile!

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၆
၂၅-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး