Unity is bleeding အရေးကြီးပြီ ညီနောင်အပေါင်းတို့

မနှစ်က ဒီရက်တွေမှာ ကိုဖီအာနန်ပါတဲ့သတင်း အတင်းတုတ်ကြတယ်။ သတ်ပုံတွေက သွက်သွက်ခါမှားကြတယ်။ အချုပ်အချာတဲ့။ ချာဆိုတာ ညံ့တာ။ ချာတူးလံတာ။ အရေးကြီးပြီ သွေးစီးတဲ့။ သွေးယိုစီးတာဖြစ်ရော။

အဖြစ်အပျက်ကလည်း အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ပေါက်ခဲ့ကြတယ်။ ရှေးဦးသူနာပြုမလုပ်ခဲ့ဘဲ ခွဲစိတ်ရအောင် လုပ်ခဲ့ကြတယ်။ ရောဂါရင့်မှ အရပ်ဆေးပေးသင့်တယ်တဲ့။ အထက်လမ်းသမား အောက်လမ်းသမားတွေကလည်း များတယ်။

အဲတာ ဆေးစစ်တာမလုပ်ခဲ့ဘဲ ခီမိုပေးရအောင်လုပ်ခဲ့ကြလို့ဖြစ်တယ်။ သတ်ပုံမှားရေးတော့ ကင်ဆာဆေးပေးရတယ်။

Mg Pyar Tho ပုဆိန် နဲ့ ပေါက်ဆိန် အတင်းတုပ် နဲ့ အတင်းတုတ် ဘယ်ဟာက အမှန်လဲသိလိုပါတယ် ဆရာ။

ချစ်ကြွေး မပြေ ပုဆိန်လား ပေါက်ဆိန်လားဆရာ သမီးမသိလို့ပါ

Dr. Tint Swe သတ်ပုံစာအုပ်တွေမှာ ပေါက်ဆိန်လို့မပါ။ အသုံးမှာတော့ သုံးတယ်။ ထင်းပေါက်တယ်။ ပေါက်ကွဲကနေ ပေါက်ဆိန်လို့ ဆက်ယူတာဖြစ်မယ်။ အတင်းတုတ်ကို ပြန်ပြင်လိုက်ပါတယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆
၂၆-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး