Tio Va တီယိုချောင်း

၁၉၉ဝ ခုနှစ် ဒီဇင်္ဘာနောက်ဆုံးပတ်မှာ ပုံထဲပါတောင်တန်းကြီးတွေကို တခုပြီးတခုကျော်ဖြတ်ပြီးသကာလ တိုင်းပြည်ကြီးကို ကျောခိုင်းပြီး ခရီးနှင်ခဲ့ရတယ်။ ခြောက်နေ့နဲ့ ငါးညတာ။ အေးလွန်းချမ်းလွန်းလှတယ်။ မိုးကလည်းရွာသေး၊ အစစအရာရာ ရှားပါးပြီး၊ လူသူနည်းပါးတယ်။ ဝေသီခေါင်ဖျား မြင့်မားကြပေမယ့် ခြေဖဝါးအောက်မှာပါ။ တုံးမကျော်နိုင်ပေမယ့် တောင်ကျော်ခဲ့ပါတယ်။

မြန်မာပြည်ကနေ ထွက်ပြေးရစဉ်က ပုံထဲပါနယ်စပ်ချောင်းကို မဖြတ်ခဲ့ရပါ။ အဲဒီတောင်ဖက်က ကုလားတန် မြစ်လက်တက်ကိုသာ ဖြတ်ကျော်ခဲ့တာ။ ချင်သုပွေမြစ်လို့ခေါ်တယ်။ တီယိုချောင်းကိုတော့ နောက်ပိုင်းမှာ ရောက်အောင်လာကြည့်တယ်။ ကျွန်တော်ရောက်တဲ့ ၁၉၉၇-၉၈ မှာ အဆောက်အဦတွေက နည်းသေးတယ်။ အိန္ဒိယဖက်ကမ်းကနေ ကိုယ့်တိုင်းပြည်ကို လှမ်းမျှော်ကျော်ကြည့်ရတာပါ။ လုံခြုံရေးကစိတ်မချရလို့ လူသူမသိအောင် သွားလာရတယ်။ နယ်စပ်တံတားပေါ်မှာ တဝက်တိတိကိုသာ ခြေချကြည့်တယ်။ မျက်စိက ကျီးကန်းတောင်းမှောက်။ နောက်ကျောကတော့ လုံခြုံပါတယ်။ အသေရရအရှင်ရရ ဖမ်းချင်သူကြတွေက အရှေ့အရပ်က ကိုယ့်တိုင်းပြည်ဖက်မှာ ရှိနေတယ်။

ကိုယ့်နိုင်ငံသားတွေကိုရန်မူတဲ့ အစိုးရကရန်သူဖြစ်နေတဲ့ခေတ်ကပါ။ ပုဆိန်ရိုးဆိုတာ သစ်ပင်ကိုခုတ်လှဲတဲ့ သစ်သားရိုးကို ခေါ်တယ်။ တောမီးမလောင်ပဲ သားကောင်းကိုချနင်းတာက စစ်အာဏာရှင်စနစ်ဖြစ်တယ်။

အခုကော ကျွန်တော် တံတားအဆုံးထိလျှောက်လို့ရပြီလာ့း့

ဒေါက်တာတင့်ဆွေ
၂၁-၈-၂ဝ၁၆
၂၁-၈-၂ဝ၁၇
The picture = India-Myanmar border crossing and the bridge over river Tiau (Tio Va) photographed from Burma side.

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး