Wednesday, August 30, 2017

Back pain from a spinal block ခါးထုံဆေးနှင့် ခါးနာနေခြင်း

ဆရာရှင့် သမီးကကလေးမွေးတော့ဗိုက်ခွဲမွေးရပါတယ်ရှင့်။ အဲ့ဒါထုံဆေးထိုးတော့ ခါးကနာပါတယ်ရှင့်။ ခုမှခုနှစ်လပဲ ရှိတော့ရှိပါသေးတယ်။ ဒါပေမဲ့ထုံဆေးကြောင့်လား ဗိုက်ခွဲထားရလို့လား ဘာကြောင့်မှန်းတော့မသိပါဘူး။ များသေားအားဖြင့် မေးလိုက်ရင်လဲနာကြတယ်ပဲပြောပြကြပါတယ်။ ရှေ့စီနီယာမေမေတွေက အလကားမေနေရင်းကို နာနေတာပါ။ အဲ့ခါးရိုးကျောရိုးကြီးကပါ။ နောက်ဂုတ်ထိထိုးထိုးလာတက်ပါတယ်။ အဲ့ဒီဝေဒနာက မပျောက်တတ်ပဲ ကျန်ခဲ့မှာလားဆရာရှင့်။ ဒါမှမဟုတ်အရိုးအကျောဆရာဝန်များနဲ့ကုသရမှာပါလားရှင့်။ ဘာမှ မသိပ်မလုပ်ရသေးဘဲနဲ့ကို ပင်ပန်းညောင်းညာနာကျင်နေတတ်ပါတယ်။ ခြေထောက်တွေလဲလေးပါတယ်ဆရာရှင့်။

မပျောက်တက် နှစ်ခါရေးထားတာကို မပျောက်တတ်လို့ပြင်ပါတယ်။ မေးတဲ့သူတွေ အတော်များပါတယ်။ ခါးနာခြင်းစာကိုသာ ပို့ပေးတယ်။ အခု စာအသစ်ရေးပါမယ်။

ခါးထုံဆေးထိုးပြီးနောက် ခါးနာနေတာ အများအားဖြင့် ခွဲပြီးစ ၂-၆ နာရီအတွင်းမျာသာဖြစ်တယ်။ ထုံဆေး ပျယ်သွားချိန်မှာဖြစ်တယ်။ တကယ်လို့ ခွဲပြီးနောက် ၃-၅ ရက်မှာစနာရင်တော့ အဲတာနဲ့မတူပါ။

ခါးထုံဆေးထိုးရင် တချို့ ယားမယ်။ ခွဲခန်းကထွက်လာပြီး ဆီးမသွားနိုင်ဖြစ်တတ်တယ်။ ဆီးပိုက်ထည့်ထားပေးရတယ်။ တချို့ ပျို့အန်တယ်။ တချို့မှာ ခေါင်းကိုက်တယ်။ တချို့အသက်ရှူရတာခက်တယ်။ အားလုံးက မဆိုးတာတွေသာ ဖြစ်တယ်။

ဖျားတာ၊ ဆေးထိုးတဲ့နေရာကနေ အရည်စိမ့်ထွက်တာ၊ အောက်ပိုင်းကြွက်သားတွေ အားနည်းနေတာ၊ ဆီး-ဝမ်း သွားရခက်တာတွေက နောက်ဆက်တွဲဖြစ်တာတွေဖြစ်နိုင်တယ်။ အထူးကုသမှုခံယူရမယ်။

ခါးနာတာက ဆေးထိုးအပ်ဝင်တဲ့နေရာမှာနာနိုင်တယ်။ တင်ပါးနဲ့ ပေါင် ခြေထောက်အထိနာနိုင်တယ်။ နာပုံနာနည်းက ထုံပြင်းပြင်းနာတယ်။ နည်းနည်းကနေ အသင့်အတင့်နာတယ်။ ဆေးထိုးတဲ့နေရာ အထက်မှာ နာရင် ဒါနဲ့မဆိုင်။

အပူတလှည့် အအေးတလှည့် ကပ်ပေးနိုင်တယ်။ Paracetamol, Ibuprofen အနာသက်သာဆေးသောက်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၈-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...