Boost Your Metabolism ဇီဝဖြစ်စဉ်ကိုအားပေးနည်း

ကိုယ်အလေးချိန်ကို ထိန်းထားလိုသူတိုင်း ဇီဝဖြစ်စဉ် အားပေးနည်းဟာ အလိုအပ်ဆုံးအရာ ဖြစ်တယ်။ စားလိုက်တဲ့ အစာတွေကို ဘယ်လောက်မြန်မြန် ကျေချက်နိုင်သလဲ၊ တနည်းပြောရရင် ကလိုရီတွေကို ဘယ်လောက် မြန်မြန် လောင်ကျွမ်းစေနိုင်သလဲဆိုတာက အကြောင်းတရားတွေ များတယ်။ တချို့က ဗီဇဖြစ်စဉ် မြန်တယ်။ ငြိမ်နေတာအတူတူ ယောက်ျားတွေက မိန်းမတွေထက် ပိုမြန်တယ်။ ယေဘုယျပြောရရင် အသက်ရလာလေ ဖြစ်စဉ်နှေးလေ။ မျိုးဗီဇကိုရော၊ အသက်ကိုပါ ထိန်းမရနိုင်ပါ။ ဒါပေမဲ့ တခြားနည်းတွေနဲ့ ကလိုရီလောင်ကျွမ်းမှုကို မြန်စေနိုင်ပါတယ်။

1. Build Muscle ကြွက်သား
လူ့ကိုယ်ခန္ဓာကနေ ဘာမှမလုပ်ဘဲနေလည်း ကလိုရီတွေကို အဆက်မပြတ် လောင်ကျွမ်းနေပါတယ်။ ဒီလိုဖြစ်တာဟာ ကြွက်သား များများ ရှိနေသူတွေမှာ ပိုသိသာမြန်ဆန်တယ်။ ဒါကြောင့် ကြွက်သားတည်ဆောက်ပေးတာ ကောင်းတယ်။ ကြွက်သား တပေါင်ကနေ သူ့ကိုယ်သူ ရပ်တည်နိုင်အောင် တနေ့မှာ ၆ ကလိုရီသုံးရတယ်။ အဆီတပေါင်ကတော့ တနေ့မှာ ၂ ကလိုရီသာ သုံးနိုင်တယ်။ ကြွက်သားလေ့ကျင့်ခန်းလုပ်ရင် ဒီကွာခြားချက်က ပိုများမယ်။

2. Step Up Your Workout ကိုယ်လက်လှုပ်ရှားမှု
Aerobic အေရိုးဘစ် လေ့ကျင့်ခန်းကြောင့် ကြွက်သားမတိုးပါ။ ဒါပေမဲ့ ဇီဝအလုပ်ကို များစေ၊ မြန်စေမယ်။ ကြိုးစားနိုင်လေ ကောင်းလေ။ အပြင်းလုပ်လေလေ ကလိုရီကုန်တာ များလေလေ။

3. Fuel Up with Water ရေလိုသေးတယ်
ရေဓါတ်နည်းနေရင်ကို ကလိုရီအသုံးချတာ နှေးမယ်။ တနေ့မှာ ရေ ၈ ခွက်သောက်ဘို့ အကြံပြုကြတာ များတယ်။ သွားရေစာ၊ အသီး၊ ဘာစားစား စားပြီးတိုင်း ရေသောက်ပါ။ ချစ်ပ်တွေစားတာထက် အသီးအရွက်တွေထဲမှာ ရေပါတာ သတိပြုပါ။

4. Energy Drinks အင်နာဂျီဒရင့်
တချို့အမျိုးအစားတွေက ကောင်းပါတယ်။ ကေဖင်းတွေပါတယ်။ သူကနေလဲ ကောင်းတယ်။ တချို့မှာ Taurine ခေါ်တဲ့ အမိုင်နိုအက်စစ်ပါတယ်။ အဆီကိုကျေချက်ဘို့ အားပေးတယ်။ သတိထားဘို့က သွေးတိုး တက်နိုင်တယ်။ စိုးရိမ်စိတ် ကဲနိုင်တယ်။ အိပ်ရေးခက်နိုင်တယ်။

5. Sinless Snacking သွားရည်စာ စားပေးပါ
အစာကို နည်းနည်းလေးနဲ့ ခဏခဏစားတာက လူကိုမဝစေဘူး။ တခါစားရင် အများကြီးနဲ့ တခါနဲ့တခါ အချိန်ခြာလွန်းရင် တမျိုး။ သွားရည်စာလို့ ခေါ်တာမျိုးကို ၃-၄ နာရီတခါစားပါ။ ကယ်လိုရီကို ဆက်တိုက် လောင်ကျွမ်းစေမယ်။ အဲလိုလူမျိုးက ထမင်းကြီးစားရင် နည်းတယ်လို့ လေ့လာမှုတွေကဆိုတယ်။

6. Spice Up Your Meals စပ်တာကောင်းတယ်
အစပ်ကြိုက်သူတွေ အကိုက်ပဲ။ ငရုပ်သီးထဲမှာပါတာကနေ ဇီဝဖြစ်စဉ်ကို မြန်စေတယ်။ တခါတလေသာ စားဘို့မဟုတ်ဘဲ မကြာမကြာ အစပ်စားနိုင်တာ သိသာမယ်။

7. Power Up with Protein ပရိုတင်းကောင်းတယ်
လူစားတာတွေထဲမှာ အသား၊ အဆီ၊ ကစီဓါတ်တွေကို ကျေချက်တိုင်း ကယ်လိုရီတွေလောင်ကျွမ်းစေတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ဘို့ မျှအောင်စားရတယ်။ ဒါတွေထဲမှာ ပရိုတင်းဓါတ်က ပိုတယ်။ အဆီလွတ်အသား၊ ကြက်ဆင်သား၊ ငါး၊ ကြက်သား၊ တို့ဖူး၊ အစေ့အဆံတွေ၊ ပဲ-ပဲသီး၊ ဥ၊ အဆီနည်းနို့နဲ့ နို့ထွက်အစာတွေကို ပိုစားပါ။

8. Black Coffee ကော်ဖီခါး
သကြားမပါ၊ နို့မထည့်တဲ့ ကော်ဖီသောက်ပေးရင် ကလိုရီကုန်စေနိုင်တယ်။

9. Recharge with Green Tea (တီး)
သကြားမပါ၊ နို့မထည့်တဲ့ (တီး)၊ လက်ဖက်ရည်ကြမ်းတွေကလဲ အဲလိုဘဲ။ Caffeine နဲ့ Catechins တွေပါတယ်။

10. Avoid Crash Diets မစားမသောက် မနေပါနဲ့
ပိန်ချင်လွန်းလို့ စားတယ်ဆိုယုံလောက်လေးသာ အာဟာရမှီဝဲတာ မကောင်းပါ။ တနေ့မှာ စားတာကနေ ကလိုရီ ၁ဝဝဝ ထက် နည်းရင် မကောင်းပါ။ အလေးချိန်တော့ကျမယ်။ ကြွက်သားတွေကနေ ယူလိုက်တာဖြစ်လို့ ဇီဝဖြစ်စဉ်ကို နှေးစေမယ်။ ကြာတော့ ကလိုရီကိုနည်းနည်းသာ လျှော့စေနိုင်တော့မယ်။

Dr. တင့်ဆွေ
၁၅-၆-၂ဝ၁၂

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး