မြန်မာ့လွတ်လပ်ရေး

ဆို့ ရဲဘော်ခင်မောင်လှနှင့် အဖွဲ့

(မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဘို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်)၂ x x x

ငါတို့မြန်မာပြည် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ်၊ ငါတို့မြန်မာပြည် မိဘတိုင်းကကွယ် အာဇာနည်အစစ်တွေကို ရှိဘို့မွေးရမယ်၊

သြော် ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရားတို့လိုကွယ် မြန်မာတိုင်းမြန်မာမျိုး အားကိုးလောက်ပေတဲ့ မကြောက်တမ်း မရွံ့တမ်း မြန်မာတွေအောင်ပန်းဆွတ်ကြလေပြီကွယ်

(သံပြိုင်) (ရာဇဝင် အထုပတ္တိလဲရှိရမယ် မော်ကွန်းလဲ ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂ x x x တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ မျိုးဇာနည်နွယ် လွတ်လပ်ဘို့ တို့များကို ကျွန်တွင်းမှကယ် ဒို့ဗမာတွေစိုးမိုးဘို့ မျှော်ကြရှာလို့ ပေါ်လာတယ် x x x

မြန်မာ့နိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်ပေတယ် နေမျိုးသာကီ မြန်မာပြည်လက်ရုံး ကမ္ဘာနိုင်ငံအလုံး ထင်ပေါ်စေမယ် စိတ်အားသန်သန် မာန်ကိုမလျော့တယ် ငါတို့လူမျိုး တန်ခိုးရှိဘို့ သူရဲကောင်းတွေစုံညီတယ် တကယ်ပင် သတိုးမဟာဗန္ဓုလနှယ် စွမ်းသတ္တိ ရာဇဝင်ပြောင်တယ် သားကောင်းများလို့ ခေါ်ရလောက်ပေတယ် ဥဒါန်းတွင်စေဘွယ် မြန်မာသူရဲ့ကောင်း အပေါင်းတွေရယ် x x x

(သံပြိုင်) (ရာဇဝင့့် ပေါ်လာတယ်) x x x

မှတ်ချက် = တစ်ကယ်ပဲ မဟုတ်။ တစ်ကယ်ပင် မဟုတ်။

သဟာယ ဆရာတင် ရေးသားပြီး ကိုမြကြီးဆိုတာကို ဗမာ့သူရဲကောင်းလို့ ခေါင်းစဉ်ပေးပြီး၊ စာသား နည်းနည်းလေး ကွဲလွဲပါတယ်။ https://www.youtube.com/watch?v=AQyS7gdADzE

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၆
၂၈-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး