Anemia and Women အမျိုးသမီးနဲ့ သွေးအားနည်းရောဂါ


မင်္ဂလာပါဆရာ။ ကျွန်မအသက် ၂၉နှစ်။ သားဦးကိုယ်ဝန်ပါ။ ကိုယ်ဝန်သက် ၃၃ပတ်ရှိပါပြီ။ သွေးစစ်ထားတာအဖြေက ပုံမှာပါဆရာ။ ဆရာဝန်က သွေးတအားနည်းနေတယ်လို့ ပြောပါတယ်။ ဆရာဝန်က သွေးအားတိုးဆေးပေးသောက်ပါတယ်။ အခုတော့ နေရထိုင်ရတာဘာမှမဖြစ်ပါဘူး။ မွေးတဲ့အချိန်ကျရင် မိခင်ရောကလေးပါ အန္တရာယ်ဖြစ်နိုင်ပါသလားဆရာ။ ကလေးရောသွေးအားနည်းရောဂါဖြစ်နိုင်ပါသလား။ ဆောင်ရန်ရှောင်ရန်နှင့်ဘာလုပ်ရမလဲကို လမ်းညွှန်ပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

သွေးအားနည်းတာ မကောင်း။ ဆောရီး။ မွေးလို့ သွေးထွက်မယ်။ တချို့ သွေးသွင်းရ။ စားဆေး + သံဓါတ်ပါ အစားအသောက်လိုအပ်။ မွေးပြီးလည်း လိုအပ်။

လူတိုင်းအသက်ရှူနေကြရတယ်။ ရှူသွင်းလိုက်တဲ့လေထဲက အောက်စီဂျင်ကိုသုံးပြီး သွေးကို သန့်အောင်လုပ်ပေးဘို့ပါ။ သွေးထဲမှာ သွေးနီဥရှိတယ်။ သွေးနီဥမှာ အောက်စီဂျင်ကို အသုံးချနိုင်တဲ့ ဟီမိုဂလိုဘင်ဆိုတာမှာ သံဓါတ်ပါတယ်။ ဒါ့ကြောင့် သံဓါတ်နည်းတာကို သွေးအားနည်းတယ်လို့ ယေဘုယျခေါ်နိုင်တယ်။ သွေးစစ်ရင် Hb ဟီမိုဂလိုဘင် နည်းနေသည်လို့ အဖြေထွက်မယ်။ ပုံမှန်အားဖြင့် ကလေးများမှာ ၁၁ မှ ၁၂၊ အမျိုးသမီးများမှာ ၁၁ မှ ၁၂၊ နဲ့ ယောက်ျားများမှာ ၁၃ မှ ၁၄ g/dl ရှိရပါတယ်။

သွေးအားနည်းရောဂါက တမျိုးမကရှိတယ်။ ခဏတာသွေးအားနည်းခြင်းနဲ့ နာတာရှည်သွေးအားနည်းခြင်း၊ နည်းနည်းဆိုးခြင်းနဲ့ များများဆိုးခြင်းဆိုပြီးရှိတယ်။ အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်နေတာ၊ မောပန်းလွယ်တာ၊ နှလုံးခုန်မမှန်ဖြစ်တာ၊ အသက်ရှူမဝဖြစ်တာ၊ ရင်ပတ်နာတာ၊ ခေါင်းမူးတာ၊ ခြေလက် အေးစက်တာ၊ ခေါင်းကိုက်တာ၊ ဒီလက္ခဏာတွေရှိနေရင် သွေးအားနည်းနေပြီလို့ သိနိုင်တယ်။

အစားအစာထဲမှာပါတဲ့ သံဓါတ်အပြင် အခြားဓါတ်တွေနဲ့ ပရိုတင်းတွေကိုသုံးပြီး ရိုးတွင်းခြင်ဆီက သွေးနီဥကို ထုတ်ပေးတယ်။ ဒါ့ကြောင့် အစားအစာထဲမှာ ဒီဓါတ်တွေနည်းသူများ၊ ဒဏ်ရာ၊ ရောဂါတွေကြောင့် သွေးထွက်၊ သွေးယို၊ သွေးဆင်းသူများဟာ သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။

ရာသီသွေးဆင်းနေရတာကိုက သွေးအားနည်းစေတယ်။ ကိုယ်ဝန်ရှိရင်၊ မစားနိုင်လို့-မစားတတ်လို့ အာဟာရ နည်းသူတွေ၊ အစားအစာ ရွေးလွန်းသူ၊ အရက် ကြာကြာသောက်သူတွေ၊ Celiac Disease နဲ့ Crohn's Syndrome ဆိုတဲ့ အူရောဂါတွေရှိရင်၊ အူကို အရှည်ကြီးဖြတ်ထားရသူ၊ နာတာရှည် ကျောက်ကပ်၊ အသည်း၊ ကင်ဆာ ရောဂါတွေရှိရင်၊ ဓါတုအဆိပ်မိသူတွေဟာ သွေးအားနည်းရောဂါ ဖြစ်စေနိုင်တယ်။ အေအိုင်ဒီအက်စ်၊ ရူမတွိုက် အဆစ်နာရောဂါတွေ ကြောင့်လည်း သွေးအားနည်းနိုင်ပါသေးတယ်။ အများဆုံးကတော့ သံဓါတ်နဲ သွေးအားနည်းရောဂါဖြစ်တယ်။ သံဓါတ်ပါတဲ့ အစားအစာတွေ ရွေးစားရပါမယ်။ အစားအမျိုးအစားတွေကို ချင့်ချိန်နိုင်အောင် သံဓါတ်ပါတဲ့ ကိန်းဂဏန်းတွေနဲ့ တွဲမှတ်နိုင်ပါတယ်။ အသည်း (၇ဝ)၊ ပဲပုတ် (၅ဝ)၊ တခြားပဲ (၂ဝ-၂၅)၊ တိုဖူး (၂ဝ)၊ ဟင်းနုနွယ် (၂ဝ)၊ အမဲသား (၁ဝ-၂ဝ)၊ ကြက်အသား (၆)၊ ပေါင်မုံ့ (၆)၊ ဝက်သား (၄)။

စားဆေး၊ သောက်ဆေး၊ ထိုးဆေးတွေ အလွယ်တကူဝယ်ရပါတယ်။ ပုံမှန်သွေးအားနည်းနေတဲ့ အမျိုးသမီးတယောက်ကို သံဓါတ်ပါစားဆေး (၃) လကြာ ပေးသင့်တယ်။ အချိန်ကာလ ကြာကြာပေးရ-သောက်ရမှာမို့ ဈေးချိုတာ ရှာဝယ်ပါ။ သံဓါတ်တမျိုးတည်း၊ ဖေါလစ်အက်စစ်တွဲ၊ ဗီတာမင် (ဘီ) + (စီ) ပါ ရောထားတာလဲရှိတယ်။ Ferrous fumarate ဟာ Ferrous sulphate, Ferrous gluconate တို့ထက် သာတယ်။ သံဓါတ်ဆိုတော့ သံချေးနံ့ရလို တချို့က မကြိုက်ဘူး။ အပေါ်က သကြားအုပ်ဆေး ထုတ်တယ်။ ဆေးကိုမြိုမချတတ်သူတွေအတွက် ဆေးအရည်ထုတ်တယ်။ တချို့ကြ သံဓါတ်က ဝမ်းချုပ်တတ်လို့ ဝမ်းလွယ်အောင် အစားအစာကို သေချာ ရွေးစားသင့်တယ်။ သင်္ဘောသီး၊ မန်ကျီးမှည့်ဖျော်ရည်၊ ကဇွန်းရွက်။

သံဓါတ်အပြင် ဖေါလစ်အက်စစ် ခေါ် ဖေါလိတ် ခေါ် ဗီတာမင်ဘီ-၉ နည်းတဲ့ သွေးအားနည်းရောဂါ ဆိုတာရှိတယ်။ သာမန်အချိန်မှာ 400 mcg နို့တိုက်နေရင် 500 mcg ကိုယ်ဝန်ရှိရင် 600 mcg နေ့စဉ် လိုအပ်ပါတယ်။ Folic acid ပါတဲ့ အစားအစာတွေကတော့ ပဲအမျိုးမျိုး၊ လိမ္မော်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ ပဲနို့၊ ဟင်းနုနွယ်၊ မုံညင်း၊ မုံလာအမျိုးမျိုး၊ အာလူး၊ ကြက်သွန်နီပင်၊ အစေ့အဆံများ၊ နေကြာစေ့၊ မြေပဲ၊ အသည်း-အမြစ်၊ နံနက်စာအဖြစ် စားလေ့ရှိတဲ့ ကောက်နှံ-ပြောင်း-ပြောင်းဖူးထွက် အစာများ၊ ပေါင်မုံ့၊ ဂျုံမှုံ့၊ ခေါက်ဆွဲ၊ ဆန်တွေဖြစ်တယ်။ ဖေါလစ်အက်စစ်ဟာ Spina bifida နဲ့ Anencephaly ခေါ် မွေးရာပါ ဦးနှောက်-အာရုံကြော ရောဂါတွေကို ကာကွယ်နိုင်ပါသေးတယ်။

နောက်တမျိုးက ဗီတာမင် ဘီ-၁၂ နည်းတဲ့သွေးအားနည်းရောဂါ။ တနေ့ကို 7 mcg လိုအပ်တယ်။ နည်းနေရင် Vitamin 12 ထိုးပေးရမယ်။ များသောအားဖြင့် ထိုးဆေးက ပန်းရောင် ဖြစ်တယ်။ ရာသက်ပန်ထိုးပေးရမှာလဲရှိတယ်။ B-12 ဟာ သွေး အတွက်သာမက အာရုံကြောအတွက်လည်း အသုံးဝင်တယ်။ ဗီတာမင် ဘီ ၁၂ များတဲ့ အစားအစာတွေကတော့ ခရု၊ အသည်း၊ ကောက်နှံတွေ၊ ငါး၊ အမဲသား၊ ရောဂတ်ခေါ် ဒိန်ချဉ်၊ နွားနို့၊ ဥ၊ ကြက်သားတို့ ဖြစ်တယ်။

လူတယောက်မှာ သွေးနီဥ စုစုပေါင်း ၂့၅ ထွီလီယန် ရှိနေတယ်။ စက္ကန့်တိုင်း သွေးနီဥအသစ်ပေါင်း ၁့၅ မီလီယမ်ကို ရိုးတွင်းခြင်ဆီက ထုတ်ပေးနေပါတယ်။ ရိုးတွင်းခြင်ဆီမကောင်းသူတွေမှာ Aplastic anemia နဲ့ ကင်ဆာနှင့်တူတဲ့ လူကီးမီးယားသွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ Aplastic anemia ဆိုရင် သွေးသွင်းပေးရတယ်။ ခေါ် ရိုးတွင်းခြင်ဆီ အစားထိုးပေးရတယ်။

အချို့ဆေးဝါးတွေကြောင့်ဖြစ်ရတဲ့ Hemolytic anemia ဆိုရင် ပေးနေတဲ့ဆေးဝါးတွေကို ဆန်းစစ်ပြီး ရပ်သင့်ရင် ရပ်ပစ်ရမယ်။ စတီရွိုက်ဆေး လိုချင်လိုပါမယ်။ ဘေလုံးထုတ်ချင် ထုတ်ပေးရမယ်။ Autoimmune disorders ခေါ် ကိုယ့်ကိုယ်ကို ပျက်စီးစေတဲ့ ခံနိုင်ရည်စနစ်ကြောင့် ဖြစ်ရတာဆိုရင် Immune-suppressing medications ဆေးတွေ ပေးရတယ်။ Sickle cell anemia, Thalassemia, Diamond Blackfan anemia, Fanconi anemia တို့ကတော့ မျိုးလိုက် ရိုးလိုက် ဖြစ်တယ်။ Sickle cell anemia လူနာအတွက် အောက်စီဂျင်ပေးဘို့ လိုနိုင်တယ်။

အိတ်ပေါက်နဲ့ ဖါးကောက်သလို မဖြစ်အောင် သွေးအားနည်းတာဟာ သွေးဆင်း-သွေးထွက်များနေလို့ဖြစ်ရင် အကြောင်းရင်းကိုပါ ကုသပေးရပါမယ်။ လိပ်ခေါင်းကသွေးထွက်တာ၊ ရာသီဆင်းများတာ၊ သွားဖုံး-နှာခေါင်းက သွေးထွက်တာတွေ။ အစာလမ်းကနေ မသိမသာသွေးယိုဖန်များပြီး၊ ကြာမှ သွေးအားအလွန် နည်းနေတာမျိုး ဖြစ်တတ်တယ်။ ဝမ်းသွားတဲ့အထဲပါတဲ့ သွေးကို မျက်စိနဲ့ မမြင်နိုင်လို့ ဝမ်းစစ်မှတွေ့နိုင်တယ်။ ငှက်ဖျားကြောင့် သွေးအားနည်းသူတွေ မနည်းမနောရှိတယ်။

နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်တယ်။ အားအင်ကုန်ခမ်း မောပန်းလွယ်မယ်၊ နှလုံးက ပိုပြီးခုန်ရလို့ Arrhythmia နှလုံးခုန်မမှန်ရောဂါ ဖြစ်လာနိုင်တယ်။ နှလုံးအရွယ်ကြီးလာနိုင်တယ်။ သွေးဖိအားကျပြီး အသက်ဆုံးသွားနိုင်တယ်။

သွေးအားနည်းတာနဲ့ ပရက်ရှာနည်းတာ မတူတာကို ခွဲသိထားစေချင်တယ်။ ခုချက်ချင်းကြီး သွေးယို-သွေးဆင်းသူကို သွေးဖိအားခေါ်တဲ့ ပရက်ရှာတိုင်းရင်တော့ နည်းနေတာကို တွေ့ရမယ်။ ရက်ကြာကြာ သွေးအား နည်းနေသူကိုတိုင်းရင် ပုံမှန်ဖြစ်နေမယ်။ ဒါ့ကြောင့် BP ကောင်းပေမဲ့ သွေးအားနည်းည်းနေနိုင်တယ်။ ဘာ့လို့လဲဆိုတော့ သွေးဖိအားဆိုတာ သွေးထုထည်နဲ့ ဆိုင်တာ။ လူတိုင်း သွေးထုထည် ၅ လီတာ အမြဲရှိနေတာ။ ရက်ရှည် သွေးအားနည်းသူတွေလဲ ၅ လီတာပေမဲ့ သွေးက ကျဲနေလို့ ရေရောထားတဲ့ဆေးတို့၊ အရက်တို့လို အာနိသင်နည်းနေရတယ်။ ဒါ့ကြောင့် ကာလရှည်ကြာ သွေးအားနည်းနေသူကို သွေးမသွင်းဘဲ၊ D5, NS, DNS ဆေးတွေ သွင်းပေးတာ အကြောင်းမထူးဘူး။ ဆီးပိုသွားတာသာရှိမယ်။

သွေးအားနည်းရောဂါတွေက မနည်းပါ။ ပြန်ဖြစ်မလားဆိုတာ ဘယ်အမျိုးအစားလဲသိဘို့လိုမယ်။ ကုလို့ရတာကိုရော ကုသနေသလား။ ဥပမာ သံဓါတ်နည်းနေသူက သံဓါတ်အားဆေးသောက်နေသလား။ သွေးအားနည်းစေတာကိုကော မဖြစ်အောင်တားသလား။

1. Anemia (အနီးမီးယား) သွေးအားနည်းရောဂါ http://doctortintswe.blogspot.com/2014/11/anemia.html
2. Anemia and low Blood pressure သွေးအားနည်းတာနဲ့ သွေးဖိအားနည်းတာ http://doctortintswe.blogspot.com/2014/11/anemia-and-low-blood-pressure.html
3. Aplastic anemia အေပလပ်စတစ် သွေးအာနည်းရောဂါ http://doctortintswe.blogspot.com/2015/01/aplastic-anemia.html
4. Blood donation rules သွေးလှူခြင်းဥပဒေသများ http://doctortintswe.blogspot.com/2014/11/blood-donation.html
5. Blood donation မြတ်သော နီသော သွေး http://doctortintswe.blogspot.com/2014/10/blood-donation-rules.html
6. Folic acid ဖေါလစ်-အက်စစ် http://doctortintswe.blogspot.com/2014/11/folic-acid.html
7. Iron supplement and Liver diseases သံဓါတ်နဲ့ အသည်းရောဂါ http://doctortintswe.blogspot.com/2014/11/iron-supplement-and-liver-diseases.html
8. Leukemia (လူကီးမီးယား) သွေးကင်ဆာ http://doctortintswe.blogspot.com/2015/01/leukemia.html
9. Low white blood cell count သွေးဖြူဥနည်းခြင်း http://doctortintswe.blogspot.com/2014/10/low-white-blood-cell-count.html
10. Petechiae သွေးခြည်ဥ http://doctortintswe.blogspot.com/2014/12/petechiae.html
11. Thrombocytopenia သွေးမှုံအရေအတွက် နည်းနေခြင်း http://doctortintswe.blogspot.com/2015/01/thrombocytopenia.html

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး