This does not impress အဝတ်အစားကပိုကရိုနဲ့

Khin Thida Wai Wai အကြောင်းအရာက အဓိကပါ။ စာလုံးပေါင်းကကိစ္စမရှိပါဘူး။ ကျန်းမာရေးဗဟုသုတတွေ အများကြီးရပါတယ်။ ကျေးဇူးပါ။

စကားလုံးလေးတလုံးရေးရေး၊ ဝါကျတကြောင်းရေးရေး မှန်အောင်ကြိုးစားသင့်တယ်။ ကိုယ်ရေးတဲ့စာမှာ သဒ္ဒါမှား၊ သတ်ပုံလွဲနေရင် အဝတ်အစားကပိုကရိုနဲ့ လူကြားထဲ ထွက်မိသလိုဖြစ်လို့ မနေတတ်ပါ။

ကျွန်တော် စာရေးတိုင်းမှားတတ်တယ်။ ပြန်စစ်ပါတယ်။ ပြင်သေးသူတွေကပြင်ပေးလာတိုင်း ချက်ချင်းပြင်လိုက်တယ်။ ကြယ်သီးပေါက်မှားတပ်ထားတာကို သူများပြောမှ သိသလိုပေါ့။

မြက်ရိတ်တာစနစ်တကျတတ်ထားမှ အာကာသယာဉ်ကို တည်ဆောက်နိုင်တယ်။ မြက်ရှင်းပြီးရောလုပ်ရင် လယ်ကန်သင်းအပြင်ကို ထွက်နိုင်ရမှာမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၆
၂၃-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး