The Other Side မှားတဲ့ဘက်မှာ အင်အားမသေးပါ

ဆရာဝန်သူငယ်ချင်းတယောက်က သူငယ်ချင်းဆရာဝန်မတယောက်နေတဲ့ တိုင်းပြည်မှာ မုန်တိုင်းဆယ်ငါးခုလာမယ်လို့ ရေးတယ်။ ဟိုယောက်ကလည်း မဟုတ်လိုလိုမှတ်တယ်။ ကျွန်တော်က ပစိဖိတ်ဒေသမိုးလေဝသမကြည့်ပဲ သူပြောရင် မယုံနဲ့လို့ရေးပါတယ်။ တချို့က ရီစရာကို ဘာသာပြန်ပြရတယ်။ တချို့က ဘာပြောပြောအတည့်မပြောဘူး။ ဒါက ကျွန်တော်တို့သူငယ်ချင်းတွေကြားမှာ ပြောတာပါ။ အပြစ်ကင်းတဲ့ဟာသဟာ အန္တရယ်မပေးပါ။

ဖေ့စ်ဘွတ်မှာ ဖရင်းဟုတ်သူ မဟုတ်သူတွေက ပိုဆန်းပြားကြီးမားတယ်။ တချို့က အလွဲချည်းသာပြောတယ်။ တချို့က မှားတာဆို ပိုယုံတယ်။ ကျန်းမာရေးမှာ ချောင်းဆိုးလက်ဆေးယဉ်ကျေးမှုစာထက် ကြော်ငြာဆေးမေးကြတာ အဆတရာ သာတယ်။ နိုင်ငံရေးမှာ ရခိုင်သတင်းနဲ့ မြောက်ကိုရီးယားသတင်းရေးတိုင်း ဘလော့ရသူ မပေါ်တဲ့အခါမရှိ။ မှားတဲ့ဘက်မှာ အင်အားမသေးတာ သိထားပါ။

Dr. တင့်ဆွေ
၂၆-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး