Puppet Master ကျိုးနဲ့ ကြိုး

အရုပ်ကျိုးပြတ်လို့ရေးတဲ့ပို့စ်တခု တွေ့ပါတယ်။ အရုပ်ကြိုးပြတ် ဒါမှမဟုတ် အရုပ်ကျိုးပဲ့လို့ ရေးသင့်ပါတယ်။

ကျိုး
ရိုကျိုး၊
ကိုယ်ကျိုးနည်း၊
ကျိုးတိုးကျဲတဲ၊
ကျိုးပဲ့၊
ကျိုးယုတ်ရှက်ကွဲ ကိုယ်ကျိုးနည်း၊
ကျိုးပေါက်၊
ကျိုးနွံ၊
ချိုး၍ကျိုး၊
ချိုကျိုးနားရွက်ပဲ့၊
ငယ်ကျိုးငယ်နာ၊
တဝက်ကျိုး၊
မသိကျိုးကျွန်ပြု၊
မာန်စွယ်ကျိုး၊
မီးကျိုးမောင်းပျက်၊
မျက်မုန်းကျိုး၊
မြစ်ကျိုးအင်း၊
လုပ်ရကျိုးနပ်၊
အကျိုးကျေးဇူး၊
အကျိုးယုတ်၊
အပိုးကျိုး၊
အိုနာကျိုးကန်း၊
ဈေးပေါင်ကျိုး၊
ထောင့်မကျိုး၊
ဘေးထွက်ဆိုးကျိုး၊
နှုတ်ကျိုး၊

ကြိုး
စည်းကြိုး၊
ဆွဲကြိုးတန်ဆာ၊
ကြိုးကွင်းစွပ်၊
ကြိုးကုတ်၊
ကြိုးကိုင်၊
ကြိုးခုန်၊
ကြိုးစား၊
ကြိုးဆွဲချ၊
ကြိုးကြီးချိတ်လုံချည်၊
ကြိုးနဲ့ချည်၊
ကြိုးပမ်း၊
ကြိုးကြားကြိုးကြား၊
ကြိုးကြာငှက်၊
ကြိုးဝိုင်းသစ်တော၊
ကြိုးသီချင်း၊
ဖိနပ်သည်းကြိုး၊
မိုးကြိုးပစ်၊
မုန့်ကြိုးလိမ်၊
မျဉ်းကြိုး (တန်းအောင် တိုင်းရန် သုံးသည့်ကြိုး)၊
မြင်းဇက်ကြိုး (ဆွဲခေါ်ရန်သုံးသည့်ကြိုး)၊
လက်ပြန်ကြိုးတုပ်၊
လွန်ကြိုး၊
ဝရဇိန်မိုးကြိုး၊
သံကြိုးစာ၊
သက်စွန့်ကြိုးပမ်း၊
အရုပ်ကြိုးပြတ်၊
အားကြိုးမာန်တက်၊
အုန်းဆံကြိုး၊
မျှော့ကြိုး၊

ကြိုးကြာသံ - ခင်မောင်တိုး https://www.youtube.com/watch?v=Dw18rWYqbmQ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)