The Wall ကန်ထရိုက် လျှောက်လွှာ

အမေရိကန်သမတ ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲစည်းရုံးစဉ်ကတည်းက မက်ဆီကိုနယ်စပ်မှာ အလွန်တရာ ခန့်ညားတဲ့ တံတိုင်းကြီးဆောက်မယ်လို့ပြောခဲ့တယ်။ အခုစာရေးနေချိန်အထိတော့ စကားများနေကြတယ်။ ထရမ့်က တံတိုင်းကို အမေရိကန်ကဆောက်ပေးမယ် ကုန်ကျစရိတ်ကို မက်ဆီကိုက ငွေပြန်ပေးရမယ်တဲ့။ မက်ဆီကိုသမတက နိုးတဲ့။

နိုင်ငံတခုနဲ့တခုကြား တံတိုင်းလို အကာအရံအတားအဆီးတွေက များပါတယ်။
1. ဂါဇာ-အစ္စရေး
2. ဂါဇာ-အီဂျစ်
3. စပိန်-မော်ရိုကို
4. ဆိုက်ပရပ်နယ်စပ်
5. ဘူလ်ဂေးရီးယား-တူရကီ
6. ယူအက်စ်-မက်ဆီကို
7. အစ္စရေး-အနောက်ဖက်ကမ်းဒေသ
8. အိုင်ယာလန်နယ်စပ်
9. အိန္ဒိယ-ပါကစ္စတန်
10. အိန္ဒိယ-ဘင်္ဂလားဒက်ရှ်
11. ဂျော်ဂျီယာ-တောင်အိုဆက်တီးယား
12. မော်ရိုကို-အနောက်ဆာဟာရ
13. မြောက်-တောင် ကိုရီးယား

မြန်မာပြည်မှာ ကြီးကြီးမားမာဆောက်လုပ်တာတွေမှာ ကန်ထရိုက်တွေချမ်းသာကြတယ်။ လုံခြုရေးဆင်ခြေအမြတ်အပြင် ဆောက်လုပ်ရေးအမြတ်ပါ ရချင်သလားမသိ။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး