Institute of Medicine, Mandalay စန္ဒကိန္နရီ

မနှစ်က ဒီနေ့ မန္တလေးမှာမိုးသည်းလွန်းလို့ ဆေးကျောင်းရှေ့မှာ ရေတွေနဲ့တဲ့။

ဟိုစဉ်ကနေ့စဉ် ရှေ့ကလျှောက်သွားရ လျှောက်ပြန်ရ၊ ဆေးပညာစာသင်အံကြဘို့ရာ၊ နေပူဖုန်ထူ ခြင်ကိုက်ခံကာ၊ မန္တလေးဆေးကျောင်းမှာ ခုနစ်နှစ်ကြာ၊ ကျွန်တော်တို့တုန်းက တတန်းမှာ တရာမပြည့်ပါ၊
၆၅ ကနေတွက်ကြည့်ပါ၊ နှစ် ၅ဝ အကြာ၊ ဆေးကျောင်းရှေ့မှာ ချောင်းပေါက်လာ၊ ဆေးပညာရင်နို့ စို့သောက်ခဲ့ကြသူတွေရဲ့သက်သေပေါ့ဗျာ။

ကျွန်တော်အဖို့မှာ ကိန္နရီ-ကိန္နရာ၊ တညတာချောင်းခြားလို့၊ နှစ်ပေါင်းခုနစ်ရာဆွေးရတဲ့ပုံပြင်ပမာ။

သဟာရဆရာတင်ရေးသားပြီး မာမာအေးသီဆိုတဲ့ စန္ဒကိန္နရီ https://www.youtube.com/watch?v=eBNWCFz7nfw

ဒေါက်တာတင့်ဆွေ
၂၁-၈-၂ဝ၁၆
၂၁-၈-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး