Vaccination and Autism ကာကွယ်ဆေးနဲ့ အော်တဇင်

မေးတဲ့သူက အင်္ဂလိပ်လိုရေးပါတယ်။ ကာကွယ်ဆေးနဲ့ အော်တဇင်ဆက်စပ်မှုအကြောင်း အသိပညာပေး ရေးစေချင်ပါတယ်တဲ့။ မြန်မာပြည်မှာ သိတဲ့သူနည်းသေးတယ်ထင်ပါတယ်တဲ့။ Rupa Maung က လင့်တခုလည်း ပို့ပေးတယ်။

ကျွန်တော် ကလေး၊ လူကြီးကာကွယ်ဆေးတွေအကြောင်းရေးပါတယ်။ Measles politics ဝက်သက်ကာကွယ်ဆေးနဲ့ နိုင်ငံရေးနဲ့ MMR ကာကွယ်ဆေးအကြောင်းထဲမှာ ကာကွယ်ဆေးနဲ့ အော်တဇင် ထည့်ရေးခဲ့ပါတယ်။

Autism အော်တဇင်ဆိုတာ ကလေးတွေမှာဖြစ်တဲ့ ဖွံ့ဖြိုးမှုရောဂါ။ ဒီရောဂါဖြစ်စေတတ်တဲ့အကြောင်းတွေထဲမှာ တချို့က MMR ကာကွယ်ဆေးကို သံသယအဆင့်နဲ့ထည့်ထားတယ်။ ဒါပေမယ့် တိကျခိုင်မာမှု မတွေ့သေးပါ။

ကျွန်တော် ၁၄-၄-၂ဝ၁၅ နေ့က Measles politics ဝက်သက်ကာကွယ်ဆေးနဲ့ နိုင်ငံရေးစာ ရေးခဲ့ပါတယ်။ သြစတေးလျမှာ ဆေးမထိုးရင် ငွေလည်းမပေးဘူးဆိုတဲ့ပေါ်လစီအရ ကလေးတွေကို ကာကွယ်ဆေးမထိုးရင် မိသားစုဝင်ငွေမှာ တနှစ်ကို ဒေါ်လာ ၁၁ဝဝဝ မကနစ်နာပါတော့မယ်လို့ဆိုပါတယ်။

MMR ခေါ် ခေါ် ဝက်သက်၊ ပသိရောင်နဲ့ ဂျာမန်ဝက်သက် ခေါ် ရူဘဲလား ခေါ် ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးလို့ Autism ခေါ်ကလေးဥာဏ်ချို့ယွင်းမှုရှိသလားဆိုတာ ၁၉၉၈ ကတည်းက မေးခွန်းထုတ်ထားတာရှိပါတယ်။ Andrew Wakefield ရေးသားတဲ့ဆေးသုတေသနဆောင်းပါးထဲမှာ MMR ထိုးပြီးနောက် ကလေး ၁၂ ယောက်မှာ အော်တဇင်နဲ့ ဝမ်းနဲ့ဆိုင်တာဖြစ်တယ်လို့ပါတယ်။ ဒါပေမယ့် အဲဒီဆောင်းပါးကို ၂ဝဝ၄ မှာ ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။

ကာကွယ်ဆေးအပါအဝင် ဆေးတိုင်းကို သုတေသနနဲ့ လေ့လာဆန်းစစ်မှုတွေ အမြဲလုပ်နေပါတယ်။ အသိရှိနေတာ ကောင်းတယ်။ မှန်ကန်တဲ့ ခိုင်မာတဲ့ ကောက်ချက်နဲ့ အကြံပြုချက်တွေကိုသာ လိုက်နာကြရပါမယ်။

https://www.cdc.gov/vaccinesafety/concerns/index.htmlhttp://www.vaccinateyourbaby.org/safe/autism/mmr.cfm
Beyond the Autism/Vaccine Hypothesis: What Parents Need to Know about Autism Research http://autismsciencefoundation.org/what-is-autism/autism-and-vaccines/
Vaccines Do Not Cause Autism https://www.cdc.gov/vaccinesafety/concerns/autism.html
Autism အော်တဇင် ကလေးရောဂါ http://doctortintswe.blogspot.com/2014/11/autism.html
Retraction—Ileal-lymphoid-nodular hyperplasia, non-specific colitis, and pervasive developmental disorder in children. Lancet. 2010-02-06;375(9713):445. doi:10.1016/S0140-6736(10)60175-4. PMID 20137807. Lay summary: BBC News, 2010-02-02.

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး