Noodle ဟက်ပီးဘာ့သ်ဒေးသီချင်း

မနေ့က ကျောင်းမှာ သြဂုတ်လမှာမွေးတဲ့ကျောင်းသားတွေအတွက် ကိတ်မုံ့လက်ဆောင်ဝေတယ်။ ကျွန်တော်လည်း ပါတယ်။

အဲတာနဲ့ ဆရာမက ဟက်ပီးဘာ့သ်ဒေးသီချင်းကို ဘာသာစကားမျိုးစုံနဲ့ ဆိုခိုင်းတယ်။ စပိန်၊ အာရတ်၊ မြန်မာ၊ အင်္ဂလိပ်လို ကျောင်းသားတွေက ဆိုကြတယ်။ မြန်မာလိုသီချင်းကို ကရင်ကျောင်းသူ နော်ဟီးလ်ဒါကဆိုတယ်။

ဆရာမက တရုပ်။ သူကရှင်းပြတယ်။ တရုပ်တွေက မွေးနေ့မှာ ခေါက်ဆွဲကျွေးတယ်တဲ့။ အသက်ရှည်အောင် ခေါက်ဆွဲမျှဉ် အရှည်ကြီး စားရတာတဲ့။

ကျွန်တော်တို့က ဘာကျွေးကြသလဲ စဉ်းစားနေတုန်းပဲ။

ဒေါက်တာတင့်ဆွေ
၂၄-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး