Delivery ကလေးမွေးတယ်ဆိုတာ လွယ်လည်းလွယ်၏ ခက်လဲခက်၏

ဆရာ ကျမသားဦးလေးမွေးတုန်းကပြနေတဲ့ OG ယခုလက်ရှိ ပါမောက္ခ အပျိုကြီးကို ကျမက မေးကြည့်ပါတယ်၊ ရိုးရိုးမွေးချင်ပါတယ် ရမလားလို့ပါ။ သူကပြောပါတယ် ရိုးရိုးမွေးရင် အနည်းဆုံး ၁ဝ နာရီကြာလို့ မင်းတို့ ငါ့ကို ၁ဝ ဆ ပေးနိုင်သလားတဲ့။ မွေးကလည်း မွေးခါနီး တခြား OG ထပ်ပြောင်းရင်လည်း အဆူခံရမှာကြောက်လို့ ပြောင်းမပြရဲ။ ဘယ်လောက်တောင် အခဲ့လဲ ဆရာရယ်၊့ ဆေးရုံ PR ဆောင်မှာ တာဝန်ကျတဲ့ AS နဲ့ မွေးခဲ့ရတယ်။ ဒါပေမယ့် သူတို့က Master တန်းတက်နေတဲံ Dr တွေပါ။ တပူပေါ်နှစ်ပူဆင့် အချင်းကကပ်နေလို့ မသေတာ ကံကောင်းပါ။ ကလေးက ညှပ်ဆွဲ မွေးခဲ့ရပါတယ။် အဆင်မပြေတာများလို့ ကံမကောင်းဘူးလို့ဘဲ သတ်မှတ်လိုက်ပါတယ်။

ဆောရီး။ အဲလိုတကယ်ဖြစ်တာမျိုးကို သိချင်တယ်။ ယမုန်နာဒုက္ခသည်ဆေးခန်းလေးမှာ ညှပ်ဆွဲမေးရတာ ၄၉ ယောက် ရှိတယ်။  အချင်းကပ်တာလဲ ၅ ယောက်ရှိတယ်။ တယောက်ကို အခုထိမှတ်မိနေတယ်။ ကျွန်တော်က မြို့ထဲမှာ အစည်းအဝေးတခု တက်နေရတုံး ကလေးမွေးတော့ ဆရာမတွေကမွေးပေးတယ်။ အချင်းကကပ်နေလို့ ဖုန်းဆက်တယ်။ ဆရာကတော်က တာဝန်ယူပြီး ဆေးရုံပို့ပေးဘို့စီစဉ်နေတယ်။ ကျွန်တော်က လူနာအခြေအနေကို ဖုန်းဆက်မေးနေတယ်။ သွေးဖိအားလဲကောင်း၊ သွေးဆင်းတာလဲ လိုတာထက်မများ။ လူနာကိုမေးခိုင်းတော့ လူနာက ဆရာပြန်လာတဲ့အထိ စောင့်ချင်တယ်ဆိုလို့ စောင့်စေတယ်။ အစည်းအဝေးအပြန် ဆေးခန်းကိုတန်းပြီးဝင်တယ်။ ကုတ်အင်္ကျီနဲ့ နက်တိုင်တွေ ချွတ်ဖြုတ်ပြီး အချင်းကို ဆွဲထုတ်ပေးရတယ်။ ၂ မိနစ်တောင်မကြာလိုက်ပါ။

အချိန်ကြာတတ်တာ ဟုတ်တော့ ဟုတ်တယ်။ ကျွန်တော်တို့ ထမင်းငတ်တာနဲ့ မအိပ်ရတာတွေ မနည်းလှဘူး။ ဒါပေမဲ့ ဆေးခန်းသော့ဖွင့်ချိန်မမီဘဲ တံခါးဝမှာမွေးရတာ ၂ ယောက်လဲ ရှိသေးတယ်။ ယမုန်နာဆေးခန်းကို လွမ်းပါရဲ့။

(ဓါတ်ပုံ = ၁၉-၉-၂ဝဝ၈ နေ့ နံနက် ၃ နာရီ ၂ဝ မိနစ်အချိန်၊ ယမုန်နာဆေးခန်းမှာ မွေးခဲ့တဲ့ကလေး)

ဒေါက်တာတင့်ဆွေ
၁-၉-၂ဝ၁၄
၁-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး