ပြည်ထောင်စုဘွဲ့ရ မြန်မာစာ

၃ဝ-၈-၂ဝ၁၆ နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၂၁ မှာ ပြည်ထောင်စုမြန်မာစာခေါင်းစဉ်နဲ့ ầ စောလူကနေ ရေးတာပါတယ်။ စာရေးသူကိုယ်တိုင်က တပုဒ်လုံးမှာ တစ်တွေနဲ့ချည်းသာရေးထားပါတယ်။

စာလုံးပေါင်းနဲ့ပတ်သက်လို့ဖြစ်ဖြစ် အဓိပ္ပါယ်ဖွင့်ဆိုတာနဲ့ပတ်သက်လို့ဖြစ်ဖြစ် ဟိုလိုလည်းဖြစ်နိုင် သည်လိုလည်းဖြစ်နိုင် ကြုံရတဲ့အခါ တစ်ခုတည်းကိုသာ ငှက်ရိုက်တုတ်စိုက် အသေလက်ခံတာ ဆရာအားမပေ့း့ လို့ ဖတ်ရပါတယ်။ အဲတာ ကိုးကားချက်ပါ။ စာရေးသူအရေးအသားအရ ကျေးဇူးရှင်ဆရာကြီး ဦးဆန်းထွန်းတဲ့။ ဆန်းထွန်း (မန်းတက္ကသိုလ်) ဟာ အဲဒီတုန်းက မြန်မာစာအဖွဲ့မှာပါတယ်။ ဦးဆန်းထွန်းဟောပြောတာတွေ နားထောင်ခဲ့ဘူးတယ်။ အဟောအပြော ကောင်းတယ်။ မြန်မာစာဌာနကထိကမဖြစ်ခင်မှာ ရဟန်းဝတ်နဲ့ ဓမ္မာစရိယအောင်ခဲ့တယ်။ သူကပဲ တတွေကို တစ်လုပ်ဘို့အကြံပေးခဲ့တယ်လို့ နားလည်ရပါတယ်။

ဆောင်းပါးရေးသူက တနဲ့ တစ်မှာ အမိန့်အာဏာနဲ့ခိုင်းစေတာကို စာရေးသူက ဝန်ခံထားတယ်။

အရင်က အဲလို သတ်ပုံကို မှားနေလို့မဟုတ်ဘဲ တမင်တကာပြောင်းလာတာကို ပေါ်လစီသတ်ပုံ၊ ကုထားထိုင်ရသတ်ပုံ စသဖြင့်အမည်ပေးခဲ့ပါတယ်။ အခုတော့ ပြည်ထောင်စုဘွဲ့ပေးလိုက်ပါပြီကောလို့ မှတ်သားရပါကြောင်း။

ကျွန်တော်သာ မြန်မာစာအကြောင်းရေးရင် ဘယ်သတင်းစာ၊ ဘယ်ဂျာနယ်၊ ဘယ်မဂ္ဂဇင်းကမှ ထုတ်ပေးမယ်မထင်လို့ ဖေ့စ်ဘွတ်ပဲအားကိုးရတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၈-၂ဝ၁၆
၃ဝ-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး