မနက်က

လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ ပူလောင်ကြမ်းတမ်းတဲ့ မြန်မာ့နိုင်ငံရေးကို ပူရီစားပြီး ရေနွေးကြမ်းသောက်တယ်။

မနေ့တနေ့ကထွက်တဲ့သတင်းနောက်မှာ နှစ်ပေါင်းလေးငါးဆယ်နောက်ခံသမိုင်းရှိတာမို့ သွားရည်စာတခါစားလောက်နဲ့မရ။ ဒီဆိုင်မှာစားရင် ဒီဆိုင်ကရောင်းတာသာစားလို့ရတယ်။

ကျွန်တော့်မှာ ကြွားစရာရှိတယ်။ နိုင်ငံစုံက အစားစုံစားဖူးတယ်။ မြန်မာပြည်ကဆိုင်တွေမှာလည်း စားခဲ့ဖူးပါတယ်။ ကောင်းတာတွေလည်းသိ။ တခါသွားပြီး နောက်တခေါက် မသွားတော့တဲ့ဆိုင်လည်းသိတယ်။ ဆိုင်ရွေးစရာမရှိလို့ မှိတ်ကြိတ်စားခဲ့ရတဲ့ဆိုင်မျိုးနဲ့လည်းကြုံခဲ့တယ်။ စားစရာတွေထဲမှာ ဆေးခပ်ထားတာတွေလည်းသိတယ်။ တချို့လည်း ပြန်ကြော်ဆီကိုပဲ စွဲနေကြတယ်။

မြန်မာပြည်သူတွေ တနပ်စားတွေဘေးကဝေးကြပြီးသကာလ အော်ဂဲနစ်စစ်စစ် စားသောက်နိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃ဝ-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ