ဂြိုဟ် သတ်ပုံ

ဆရာ အမြင်မတော်ဆင်တော်နဲ့ခလောက်ဆိုသလို မီဒီယာကြီးကြီးမားမားတခုအနေနဲ့ မှားယွင်းနေတာလေးကို ထောက်ပြပါရစေ။ နောင်လာနောင်သားတွေအနေနဲ့ အမှားကို အမှန်ထင်ကုန်ကြမှာစိုးလို့ပါ။ သမင် ချို /ဂျို / ဂြိုလ် ဘယ်ဟာ အမှန်လဲ။ ပို့ပေးတဲ့ပုံမှာ တန်ခိုးထွန်းလင်း စနေဂြိုလ်မင်းလို့ သတ်ပုံမှားရေးထားတယ်။ ဂြိုဟ်ကို ဟသတ်ရမယ်။ လသတ်မဟုတ်ပါ။

ထောက်ပြတာ မှန်တယ်။ ဂြိုလ်မရှိပါ။ ဂြိုဟ်သာရှိတယ်။ ချိုရှိတယ်။ ဂျို မရှိပါ။

ဂြိုဟ်
ကဲ့ရဲ့သဂြိုဟ်
မီးသဂြိုဟ် = မွန်စကားကနေလာတယ်။
ဂြိုဟ်စာကျွေး
ဂြိုဟ်ဆိုး
ဂြိုဟ်တု
ဂြိုဟ်နက္ခတ်
ဂြိုဟ်ကြီးကိုးလုံး
ဂြိုဟ်မင်း
ဂြိုဟ်ကောင်
ဂြိုဟ်မွှေသည်
ရာဇဂြိုဟ်
ဝိဂြိုဟ်ကျင်းသည် = ဆန်းစ်ခရစ် ခေါ် သက္ကတဘာသာ သဂြဟကနေလာတယ်။ အနက်ပုဒ်ကို အထူးသဖြင့်ယူခြင်း။
သဂြိုဟ်ကျမ်း
သဂြိုဟ်ကျမ်း = ဆန်းစ်ခရစ် ခေါ် သက္ကတဘာသာ သဂြဟကနေလာတယ်။ အကျဉ်းအားဖြင့်ယူခြင်း။
ထောက်ပံ့သဂြိုဟ် = ဆန်းစ်ခရစ် ခေါ် သက္ကတဘာသာ သဂြဟကနေလာတယ်။ ထောက်ပံ့ခြင်း၊ ချီးမြှင့်ခြင်း။

ချို
ချိုကုပ်
ချိုကျိုးနားရွက်ပဲ့
ချိုချဉ်
ချိုဆိမ့်
ချိုတည်လူး
ခ်ဳိပ်ပ်
ခ်ဳိၿပံဳး
ချိုမြိန်
ချိုမြက်
ချိုမြမြ
ချိုကြွ
ချိုသာ
ချိုအီ
ချိုစောင်း
ချိုအေး
မချိုမချဉ်မျက်နှာ၊
မျက်နှာချိုသွေး
အချိုအချဉ်။
ဦးချို
ဈေးချို၊

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၇
၃ဝ-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး