Creatinine blood test ခယေရယ်တနင်း စမ်းသပ်နည်း

ဆရာရှင် အဖေဆီချိုဖြစ်တာကနေ ကျောက်ကပ်ကိုထိသွားတာ အခုကျောက်ကပ်ပြနေရတယ် အဲဒါ ဘာတွေရှောင်သင့်သလဲ ကျောက်ကပ်က ၈၀၀ ကျော်ထိဖြစ်နေတယ် ဆေးပဲသောက်နေတယ် ဆီးချိုဖြစ်တာနှစ်၁၀ နှစ်ကျော်ရှိပြီး မေးနည်းစည်းကမ်းနဲ့မညီရင်ခွင့်လွတ်ပေးပါဆရာ

လူနာ အသက် မသိ။ ၈ဝဝ ဆိုတာ ဘာလဲ မသိ။ ဆောရီး။

လူနာအသက်က ၅၉ creatinine 800

ခယေရယ်တနင်း စမ်းသပ်နည်းဆိုတာ ကျောက်ကပ်တွေအလုပ်လုပ်နေတာကိုစမ်းတယ်။
• ပုံမှန် ယောက်ျား = 0.7 to 1.3 mg/dL
• ပုံမှန်မိန်းမ = 0.6 to 1.1 mg/dL

ပုံမှန်ထက်များနေတယ်ဆိုတာ -
• Blocked urinary tract ဆိးလမ်းပိတ်နေခြင်း။
• Kidney problems (kidney damage or failure, infection, reduced blood flow) ကျောက်ကပ်မှာ တခုခုဖြစ်နေတာ ဥပမာ ထိခိုက်ထားတာ၊ ပိုးဝင်ထားတာ၊ သွေးဝင်တာနည်းတာ)။
• Loss of body fluid (dehydration) ရေဓါတ်နည်းနေခြင်း။
• Muscle problems ကြွက်သားတွေမှာတခုခုဖြစ်နေတာ။
• Problems during pregnancy ကိုယ်ဝန်သွေးဆိပ်တက်တာ။

ပုံမှန်ထက်နည်းတယ်ဆိုတာ -
• Myasthenia gravis ကြွက်သားအားနည်းရောဂါ။
• Muscular dystrophy ကြွက်သာကျုံလှီရောဂါ။

Normal creatinine clearance စမ်းနည်းမှာ
• ပုံမှန် အမျိုးသမီး = 88-128 mL/min
• ပုံမှန်အမျိုးသား = 97 to 137 mL/min

Kidney failure ကျောက်ကပ် အလုပ်မလုပ်နိုင်တော့ခြင်း https://doctortintswe.blogspot.com/2017/08/kidney-failure.html

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ