Time is Coronavirus ကိုရိုနာဗိုင်းရပ်စ်သည် အချိန်ဖြစ်၏

တရုတ် နဲ့ အမေရိကန် တုံန့်ပြန်ပုံခြင်းကွာခြားချက်တွေရှိနေပါတယ်ဆရာ ဘယ်သူကပိုပြီး အကျိုးသက်ရောက်မှု ပိုရှိမယ်လို့ဆရာထင်ပါသလဲဆရာ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အလိုက်ဖက်ဆုံး အကျိုးသက်ရောက်မှု အရှိဆုံး နည်းလမ်းလေးတွေပြောပေးပါလားဆရာ

မေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်က နှစ်နိုင်ငံလုံးက လုပ်ဆောင်နေကြတာတွေကို နည်းနည်းသာ သိတယ်။ နည်းနည်းသိတာနဲ့တော့ ကောင်းတယ် ဆိုးတယ် ဘယ်သူကသာတယ် မပြောအပ်လို့ ယူဆပါတယ်။

ခုအချိန်မှာ ကိုယ့်နိုင်ငံမှာ ကူးစက်မှုကို ဘယ်လို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ထိန်းချုပ်နိုင်မလဲသာ လုပ်သင့်ကြတယ်လို့ ယူဆပါတယ်။ ကာကွယ်နည်းအမှန်၊ သတင်းအချက်အလက်အမှန်တွေ တင်ပြနေပါတယ်။ လိုက်နာ လုပ်ဆောင်ကြစေအောင် စာအရေးအသား နည်းစုံနဲ့ ရေးပါတယ်။

သတင်းမှားတွေ လိမ်တာတွေကို ပြန်ဖြေနေရတာက ကျွန်တော့်အချိန် လေးပုံတပုံလောက် ကုန်နေရတယ်။ ဟိုအစိုးရ သည်အစိုးရတွေကို ဝေဖန်ချိန် မရှိပါ။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး