April Fools' Day အရူးလုပ်တဲ့နေ့

ဧပြီလ ၁ ရက်နေ့ ဧပရယ်လ်ဖူးလ်နေ့ကို အဘိဓာန်မှာ လက်တွေ့ကျတဲ့ ရီစရာလုပ်တဲ့နေ့လို့ရေးတယ်။ ဒီနေ့သမိုင်းက ၁၅ဝဝ ကျော်ကတည်းကလို့ ဆိုတယ်။ ဒါပေမယ့် ရှိတ်စပီးယားရဲ့ စာတွေထဲမှာ တစိုးတစိမှ မပါဘူးလို့ မယုံသူတွေက ဆိုတယ်။

ပြက္ခဒိန်ပြောင်းသီအိုရီ ၁၅၆၄ ခုနှစ်တုန်းက ပြင်သစ်ကစတယ်လို့ ယူဆနိုင်တယ်။ အရင်ခေတ်ပြက္ခဒိန်တွေမှာ နှစ်အစဟာ မတ်လဖြစ်လာတယ်။ ဂရီဂိုးရီးယန်းပြက္ခဒိန်ကို ပြောင်းလိုက်တော့ နှစ်သစ်ကူးနေ့က ဇန္နဝါရီလ (၁) ရက် ဖြစ်လာတယ်။ ခရစ်ယန်တွေက နှစ်သစ်ကူးနေ့ကို တန်ဘိုးထားကြတယ်။ တချို့လူတွေက ဧပြီ (၁) ရက်မှာ နှစ်သစ်ကူးနေ့ကျင်းပလို့ အဲတာကို April fools ဧပြီအရူးတွေနေ့လို့ ပြောင်ခေါ်ကြတယ်။

အချင်းချင်းကို နောက်ကျောမှာ အရုပ်တွေကပ်ပြီး နောက်ပြောင်ကြတယ်။ စကော့တလန်မှာတော့ ၂ ရက်ကြာတယ်။ အရူးလုပ်ခံရသူတွေကို Gowks (Cuckoo birds) ဥသြငှက်တွေလို့ ပြောလေ့ရှိတယ်။ ဒုတိယနေ့ကို Taily Day လို့ခေါ်တယ်။ Pranks အရူးလုပ်သူ၊ ဒုက္ခပေးသူ၊ နောက်ပြောင်သူတွေက နောက်ဖက်ကနေ လုပ်ကြတယ်။ Kick me signs ဆိုတာ အဲဒီကနေလာတယ်။ အင်္ဂလန်နဲ့ ကနေဒါမှာ ဧပြီလ (၁) ရက်နေ့ မနက်ခင်းမှာသာ နောက်ပြောင်ကြတယ်။

နိုင်ငံတကာ အထင်ကရ ဧပရယ်ဖူးလ်လုပ်ခြင်းများ
• ၁-၄-၁၉၅၇ တုန်းက BBC ကနေ Panorama အစီအစဉ်မှာ စပါဂတီ Spaghetti harvest (အီတလီခေါက်ဆွဲ) ကို ဆွစ်ဇာလန်မှာ စိုက်ပျိုးနေပြီလို့ သတင်းကြေညာခဲ့တယ်။ (ပုံ)
• ၁-၄-၁၉၇၈ တုန်းက ဆစ်ဒနီမှာ ပင်လယ်ထဲက ရေခဲတောင်ပေါ်တယ်ဆိုတဲ့သတင်း လုပ်ခဲ့တယ်။
• ၁-၄-၁၉၈၃ တုန်းက အေပီသတင်းတခုမှာ ဧပရယ်ဖူးလ်ရာဇဝင်သိပြီလို့ ရေးခဲ့တယ်။
• ၁-၄-၁၉၈၆ တုန်းက မီဒီယာကြိုတင်သတင်းချက် အတုတခုကို နယူးယောက်မှာ ထုတ်တယ်။
• ၁-၄-၁၉၈၉ တုန်းက ပန်းကံပြားပျံသတင်း လန်ဒန်မှာ ထုတ်ခဲ့တယ်။
• ၁-၄-၁၉၉၃ တရုပ်လူငယ်သတင်းစာမျက်နှာဖုံးမှာ တရုပ်အစိုးရရဲ့ ကလေးတယောက်တည်းပေါ်လစီထဲမှာ ပီအိတ်ခ်ျဒီ ဘွဲ့ရသူတွေကို ချွင်းချက်ပေးမယ်လို့ ရေးခဲ့တယ်။
• ၁-၄-၁၉၉၆ တုန်းက Liberty Bell ကိုဝယ်ယူလိုက်ပြီး Taco Liberty Bell လို့နာမည်ပြောင်းတယ်လို့ ရေးတယ်။
• ၁-၄-၂ဝဝ၈ တုန်းက BBC တီဗွီကနေ Miracles of Evolution ဗီဒီယိုအတုတခု ထုတ်လွှင့်တယ်။
• ၁-၄-၂ဝ၁ဝ တုန်းက National Republican Senatorial Committee ကနေ သမတအိုဘားမားကို တကယ့်ကို ထူးချွန် ပြောင်မြောက်တဲ့ ကတိစကားတွေကိုပြီးအောင်လုပ်နိုင်တဲ့ သမတလို့ ဗီဒီယိုအတု ထုတ်လွှင့်တယ်။

မြန်မာပြည် ဧပြီ (၁) ရက်နေ့ အထင်ကရအဖြစ်အပျက်များ
• ၁-၄-၁၉၆ဝ ဦးနုဝန်ကြီးချုပ်ပြန်ဖြစ်လာတယ်။
• ၁-၄-၁၉၆၃ ဗိုလ်ချုပ်နေဝင်းကနေ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာတယ်။
• ၁-၄-၂ဝ၁၂ နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့တယ်။

ရယ်စရာကို ကြိုက်ကြပါတယ်။ အရူးလုပ်တာနဲ့ ဟာသ မတူပါ။ မြန်မာပြည်မှာတော့ နေ့မရွေးပဲ အရူးလုပ်ကြတယ်။ ကိုရိုနာဆေးနည်းတွေ ပေးနေကြတယ်။ သူများတွေက အရူးများတဲ့တိုင်းပြည်လို့ခေါ်မှာ ရှက်စရာ။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး