Trial of Coronavirus Vaccine အမေရိကန်တွေက ညံ့တယ်

သတင်းကောင်း မျှ ဝေပေးလို့ ကျေးဇူးပါဆရာ share လို့ရမလား ဆရာ

သတင်းက ကြာပြီ။ အပိုတွေ အလိုတွေ မထည့်ရ။

အရင်တင်သူတွေက အားလုံး အောင်မြင်ခဲ့ပါတယ်၊ ဒီညမှာ သုံးစွဲခွင့် အမေရိကန်မှာဆုံးဖြတ်ချက်ချပါတော့မယ်လို့ ရေးတာတွေ မှားတယ်။

ကာကွယ်ဆေးစမ်းသပ်မှုဆိုတာ အခုလူတယောက်ထိုးပြီး ပြီးသွားတာ မဟုတ်ပါ။ သတ်မှတ်ဦးရေ၊ အသက် အပိုင်းအခြား၊ ကျားမ၊ နေရာဒေသစုံမှာ လုပ်ရတယ်။ သတ်မှတ်ဦးနဲ့ အချိန် ရေပြည့်တာနဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ထိရောက်မှုကို လေ့လာရတယ်။ ပြီးရင် FDA ကိုတင်ရတယ်။ စစ်ဆေးသုံးသပ်မယ် လူအများအတွက် ထိရောက်တယ် စိတ်ချရတယ်ဆိုမှ တရားဝင်သုံးစွဲခွင့် ပေးတယ်။ မဟုတ်သေးရင် နောက်တချီ ကြိုးစာရတယ်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တနှစ် တနှစ်ခွဲ နေမှသာ လူအများကိုထိုးပေးနိုင်တဲ့အဆင့် ဈေးကွက်ထဲ ရောက်လာမယ်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဆိုတာ ကြက်သွန်နီအခွံခွါရတာ တမာရွက်ပြုတ်ရတာထက် ခက်တယ်။ အင်္ဂလိပ်တွေ အမေရိကန်တွေက ညံ့တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး