Hand Sanitizer သန့်ရှင်းရေး မေးခွန်း

ခန္ဓာကိုယ်တွင်းကို ၅၀% အရက်ပြန်ပါတဲ့ အရက်နဲ့ ဆေးပြီး ခန္ဓာကိုယ် ပြင်ပကို ၆၀% အရက်ပြန်ပါတဲ့ လက်သန့်ဆေးနဲ့ နေ့တိုင်း ဆေးရင်ရော ခင်ဗျ

ဆောရီး။ ဈေးဆစ်လို့ မရ။ အပိုပေးရန်လည်း မလိုပါ။
ခန္ဓာကိုယ်တွင်းကို ဆေးရန်မလို။ မဖြစ်နိုင်ပါ။
အယ်လ်ကိုဟောကို အရက်ပျံလို့ မခေါ်ပါ။
အယ်လ်ကိုဟော ၆၀% ပါ လက်ဆေးရည်ကို လက်ဆေးရန်သာ သုံးရတယ်။
အဲတာက နေ့တိုင်းမဟုတ် လိုတိုင်းသုံးရမယ်။ လိုတိုင်းဆိုတာ ရေအိမ်ကပြန်အလာ။ အိမ်ပြင်ကပြန်အလာ၊ တခုခုကို ကိုင်ပြီးတိုင်း၊ ချောင်းဆိုးပြီး နှာချေပြီးတိုင်း သုံးရတယ်။
အဲတာကလည်း ဆပ်ပြာနဲ့ ရေနဲ့ ဆေးတာမဖြစ်နိုင်တဲ့အချိန် နေရာတွေမှာသာ သုံးရတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး