Overall health system performance ကျန်းမာရေးစနစ် အဆင့် ၁၉၀

မေးတာရလို့ ရေးပါတယ်။ ကိုရိုနာဗိုင်ရပ်စ် ရပ်တည်ချက်အဆင့် ၁၉၀၊ ကျန်းမာရေးအသိပညာ အဆင့်တန်း ၁၉၀၊ ဘာကို ပြောတာလဲဆရာ ၁၉၀ က။

နိုင်ငံပေါင်း ၁၉၁ တွင် မြန်မာနိုင်ငံသည် နံပါတ်စဉ် ၁၉ဝ မှာရှိတယ်။ ကျန်းမာရေးစနစ်ကောင်းဘို့ မဲပေးစို့လို့ ၂၃-၉-၂ဝ၁၅ နေ့ကတည်းက ရေးခဲ့ပါတယ်။

WHO ranking of health systems in 2000 ကျန်းစာရေစံနစ် တိုင်းပြည်အလိုက်အဆင့်
Country Attainment of goals / Health / Level (DALE) Attainment of goals / Health / Distribution Attainment of goals / Health / Overall goal attainment Health expenditure per capita in international dollars     Performance / On level of health Performance / Overall health system performance
Zimbabwe     184     98     147     110     191     155
Myanmar     139     162     175     136     129     190

၂၀၀၀ ခုနှစ်ကထုတ်ပြန်ချက်မှာ ဇင်္ဘာဘွေက ကျန်းမာရေးစံနစ်လုပ်ဆောင်နိုင်စွမ်း အဆင့် ၁၅၅၊ ကျွန်တော်တို့က အဆင့် ၁၉၀။

ကျွန်တော့်ဆရာတယောက် ပြောတာ မမေ့ပါ။ ကျောင်းတကျောင်းမှာ အသင်အပြကောင်းတဲ့ ဆရာတယောက် ပြောင်းသွားတာကို ချက်ချင်းမသိသာသေးဘူးတဲ့။ ၃-၄ နှစ်ဆို သိလာကြမယ်တဲ့။ အဲတာက စာသင်ကျောင်း တကျောင်းသာ။ တိုင်းပြည်တခုမှာ ညံ့ဖျင်းတဲ့အုပ်ချုပ်ရေးစနစ်က အမြစ်တွယ်ထားရင် နလံထူဘို့ဆိုတာ နှစ်ပေါင်း မြောက်များစွာယူမယ်။

ကျန်းမာရေး ၁၉၀ ကမတက်တာ မဆန်းပါ။ ဘယ်အရေးမေးမေး ၁၉၀။

WHO ဆန်းစစ်ချက်က ၁၀ နှစ်ကြာပြီ။ နောက်ထပ် မထွက်သေးပါ။ ကျွန်တော်တို့အဆင့် တိုးလာပြီလား။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး