Coronavirus ကိုရိုနာဗိုင်းရပ်စ် ကိန်းဂဏန်းများ

ဆရာခင်ဗျာ ကိုရိုနား virus နဲ့ အသက် ၂ နှစ်အောက်ကလေး အကြောင်းသိချင်လို့ပါဆရာ

• ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာ အသက်အရွယ်မရွေးပါ။ အခုထိလေ့လာချက်တွေအရ ကလေးတွေမှာ ကူးစက်တာ သိသိသာသာနည်းတယ်။
• လူရွယ်တွေလည်း နည်းတယ်။ ဒါပေမဲ့ နယူးယောက်မှာ လူ ၁၁၆၀ ယောက် ဆေးရုံတင်ရစဉ်က လူနာ ၄ ယောက်မှာ ၁ ယောက်ဟာ အသက် ၁၈ နှစ်ကနေ ၄၉ နှစ်ကြားအရွယ်တွေဖြစ်ကြတယ်။
• ယူအက်စ်အေ တပြည်လုံးမှာ အသက် ၂၀ နဲ့ ၅၄ ကြားကူးစက်ခံရသူ ၃၈% ရှိတယ်။
• စပိန်မှာ ဆေးရုံတင်လူးနာ ၁၈% ဟာ အသက် ၅၀ အောက်တွေဖြစ်တယ်။
• တောင်ကိုရီးယားမှာ အသက် ၅၀ အောက်က တဝက်ကျော်တယ်။ ၂၀ နဲ့ ၂၉ ကြာ အများဆုံး။
• ကလေး ၁၀ နှစ်အောက်က အနည်းဆုံး။
• လူရွယ်တွေမှာ ကူးစက်ခံရပြီး ရောဂါလက္ခဏာတွေဆိုးဆိုးဝါးဝါး ၂့၅% သာဖြစ်တယ်။ အသက်စိုးရိမ်ရအောင်ထိ ဆိုးတာ ၀့၂% သာရှိတယ်။ ဒါပေမဲ့ သူများတွေကို ကူးစက်စေနိုင်ကြတယ်။ ကူးစက်ခံထားရပြီးသူနည်းလေး နောက်ထပ်ကူးစက်ခံရမယ့်သူ နည်းလေ။
• အီတလီမှာ အသက် ၇၀ ကျော်တွေ ကူးစက်ခံရသူထဲမှာ ၄ ပုံ ၃ ပုံပါတယ်။
• လူကြီးတွေမှာ ရောဂါလက္ခဏာတွေဆိုးဆိုးဝါးဝါးဖြစ်ကြတယ်။ သေဆုံးတာလည်း များတယ်။ ဆောရီး။

Disease Estimated case fatality rate (CFR) သေဆုံးမှုနှုန်း နှိုင်းယှဉ်ချက်
• SARS-CoV ဆားစ် 10%
• MERS-CoV မားစ် 34%
• Ebola အီဘိုလာ 50%
• Seasonal flu (US) ရာသီတုပ်ကွေး 0.1%

တကမ္ဘာလုံး Coronavirus Last updated: March 28, 2020, 18:47 GMT
ကူးစက်မှုပေါင်း 650,919
သေဆုံးသူပေါင်း 30,299
သေဆုံးနှုန်း 4.65%

ဒေါက်တာတင့်ဆွေ
၂၇-၃-၂၀၂၀
နေ့ ၂ နာရီ ၅၃ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး