Coronavirus ကိုရိုနာဗိုင်းရပ်စ် နှင့် မြန်မာပြည်

၂၅-၃-၂၀၂၀ နေ့ အစိုးရထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစာရင်း
၁။ ကျား၊ ၃၆ နှစ်၊ အမေရိကန်ကလာသူ
၂။ ကျား၊ ၂၆ နှစ်၊ အင်္ဂလန်ကလာသူ
၃။ ကျား၊ ၂၆ နှစ်၊ အင်္ဂလန်ကလာသူ

ကောက်ချက်
၁။ အမျိုးသားတွေသာ ကူးစက်မှုရှိသေးတယ်။
၂။ အသက်လတ်ပိုင်းမှာသာ ကူးစက်မှုရှိသေးတယ်။
၃။ တိုင်းတပါးကနေဝင်လာသူတွေသာ ကူးစက်မှုရှိသေးတယ်။

အလားအလာ
၁။ အရွယ်ငယ်သူတွေ အသက်ကြီးသူတွေ မှာ မဖြစ်ပါလို့ ၁၀၀% မပြောနိုင်ပါ။
၂။ အမျိုးသမီးတွေမှာ မဖြစ်ပါလို့ ၁၀၀% မပြောနိုင်ပါ။
၃။ နိုင်ငံခြားပြန်မဟုတ်သူ မဖြစ်ပါလို့ ၁၀၀% မပြောနိုင်ပါ။
၎။ နက်ဖြန်ဘာလဲ ကြိုတင် မပြောနိုင်ပါ။

မရှိသေး
၁။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မထွက်သေး။
၂။ ကိုရိုနာဗိုင်းရပ်စ်ကုသဆေး အတည်ပြုထားတာ မရှိသေး။
၃။ သေဆုံးသူ မရှိသေး။

အထက်လမ်းနည်း အောက်လမ်းနည်း ဘေးလမ်းနည်း ဖေ့စ်ဘွတ်နည်းတွေ မမှန်ကန်ပါ။ ဆောရီး။

ကပ်ရောဂါဘေးက ဝေးကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂၀၂၀
ည ၈ နာရီ ၃၈ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)