ဝါလုံးသိမ်း ကောက်ချက်ချခြင်း

ကွန်မင့်တခုရတယ်။ တရုတ်ရော အမေရိကန်ရော တနိုင်ငံမှာ အကျင့်မကောင်းပါ။ တရုတ်ကဆေးရပီပြောမှ အမေရိကန်က သူအရင်တွေ့pp Clinic ဖြစ်ပီးပြီနက်။ ပြီးတော့သူတို့သဘောထားက ဆေးကို တော်တော်နဲ့ ပေးဖို့ စိတ်ကူးသိပ်မရှိသေးပုံပါ။ ဂျပန်နဲ့ တခြားနိုင်ငံတွေရှာတွေ့ရင်တော့ စိတ်အေးကမယ် တဲ့။

အဲလိုဟုတ်တယ်လို့ မထင်ပါ။ ဆောရီး။

တိုင်းပြည်အလိုက်၊ လူမျိုးအလိုက်၊ ကိုးကွယ်ရာဘာသာအလိုက် စသဖြင့် ခြုံပြီး ကောက်ချက်ချတာတိုင်းမှာ အနှောင့်အသွား မလွတ်တတ်ပါ။

ကနေ့ ၁၉၅ နိုင်ငံသောတိုင်းပြည်တွေဟာ သူတို့သမိုင်းကြောင်းနဲ့သူ ဖြစ်လာကြတယ်။ အထင်ရှားဆုံးနိုင်ငံတွေကို ရွေးထုတ်ပြီး နှစ်နည်းနည်းလောက်သမိုင်းကိုကြည့်ရင် ကနေ့ခေတ်အနေအထားနဲ့ အတော်ကြီးကို မတူခဲ့တာတွေ တွေ့ရမယ်။

ကမ္ဘာစစ်ကြီးနှစ်ခုမှာ မဟာမိတ်အစုတွေ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အုပ်စုတွေ ဖြစ်လာကြတယ်။ စစ်အေးကာလမှာ နေ့တိုင်းရန်လုပ်နေကြတဲ့ အမေရိန်ကန်နဲ့ ဆိုဗီယက် (ကနေ့ရုရှား) ဒေါ်နယ်ထရမ့် လက်ထက်မှာ ပြောင်းပြန်လိုလို ဖြစ်လာပြန်တယ်။ ဘာရက်ကိုဘားမာကတမျိုး။ သမတနှစ်ယောက်လုံး အမေရိကန်တွေ။

တရုပ်က နိုင်ငံရေးစနစ်အရ ပြောင်းနေတယ်။ အခုတော့ တရုပ်လူမျိုးတွေရဲ့ ပင်ကိုယ်မျိုးဗီဇအတိုင်း စီးပွါးရေးလုပ်တယ်။ အမြတ်ရရေး ပြုံးနေတယ်၊ တန်စိုးလက်ဆောင် ပေးတယ်။ အဲတာအတွက် ရက်ရောတယ်။ ဖေါက်သည် ပေါတယ်။

အိန္ဒိယလူမျိုးက ခြစ်ခြစ်ကုတ်ကုတ်စုတယ်။ တပြားကနေ နှစ်ပြားခွါတတ်တယ်လို့ ကျွန်တော်တို့ အဖိုးအဖွါးတွေပြောခဲ့တာ အခုထိ မှန်တယ်။ ဗမာတွေက အထင်မကြီးကြပါ။ ဒါပေမဲ့ သူဟာ လွတ်လပ်ရေးရကတည်းက သူများနိုင်ငံကို တခါမှ စစ်သွားမတိုက်ဘူး။

ဂျူးတွေကို ရှိတ်စပီးယားရေးတဲ့ ဗင်းနစ်မြို့ကကုန်သည်ပြဇာတ်ထဲက ရှားလော့လို့ ထင်မှတ်ထားခဲ့တာ။ သူတို့ ဦးနှောက်ကောင်းတာကို အသိအမှတ် ပြုကိုပြုရမယ်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်ဟာ မြန်မာပြည်မှာ ရက်စက်လွန်းတဲ့လူမျိုးလို့ သမိုင်းတွင်ရစ်ခဲ့တယ်။ လက်တွေ့ ခံခဲ့ရသူတွေက ပြောကြတာ ငယ်ငယ်လေးက ကြားခဲ့ရပါတယ်။

နေမဝင် ကိုလိုနီအင်ပါယာထူထောင်ခဲ့သူ ဗြိတိန်ကို သိပ်မပြောကြတော့ပါ။

မြန်မာဆိုသူတွေကော။ မှန်ထဲကြည့်ပြီး ချောနေကြတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး