Coronavirus ကိုရိုနာက အဲတာတွေကို မကြည့်

ဟုတ်တယ်ဆရာ လွန်ခဲ့တဲ့ ၂ ရက်လောက်က မြန်မာပြည်ကချို့တဲ့တယ် ဖြစ်ရင်မပြည့်မစုံနဲ့ထိမ်းမနိုင်သိမ်းမရဖြစ်မှာတဲ့ အမေရိကန်လိုနိုင်ငံက digital စီးဆင်းမှုအားကောင်းတယ် ပိုက်ဆံပေါတယ် ဖြစ်ရင် တုန့်ပြန်မှုမြန်ဆန်တဲ့အတွက် ဆိုးဆိုးရွားရွား မခံစားရနိုင်ဘူးလို့ ဥဩလို တွန်ကျူးခဲ့သေးပါတယ်။ ဒါပေ့မယ့် သူ့ရဲ့ ပို့စ် သူပြန်ဖျက်သွားတယ်။

ပိုက်ဆံနဲ့ မရနိုင်တာတွေ ရှိတယ်ဆိုတာ ဆင်းရဲသူတွေရဲ့ အပြောလို့ ထင်မှတ်ခဲ့ကြတယ်။ အခုရောဂါ အများဆုံးခံရတဲ့ တရုပ်လည်း စီးပွါးရေးအင်အားတောင့်တယ်။ ဥရောပနိုင်ငံတွေအကုန် ချမ်းသာကြတယ်။ အမေရိကန်ကတော့ ပြောမနေနဲ့။

ပိုက်ဆံချမ်းသာသူတွေက ဆေးကုစရိတ် တတ်နိုင်ကြတယ်။ ခက်တာက ဒေါ်လာငွေစက္ကူအရွက်ကို နှာခေါင်းစည်း လုပ်မရ။ ယူရိုငွေစက္ကူနဲ့ လက်ဆေးလို့မရ။ စီးပွါးရေးလုပ်ငန်းတွေအတွက် ရောဂါဝင်လာရာတခါးပေါက်တွေ ပိတ်မထားခဲ့ကြ။ ဇိမ်ခံသင်္ဘောကြီး စီးခဲ့ကြတယ်။

သူတို့မှာ သာတာတွေ အများကြီးရှိတယ်။ ဆေးရုံသုံးပစ္စည်းတွေ၊ ဆေးတွေ၊ သုတေသနလုပ်ငန်းတွေ၊ ကာကွယ်ဆေး ထုတ်နိုင်စွမ်းတွေ၊ နစ်နာတဲ့ စီးပွါးရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေကို ငွေပေးနိုင်တယ်။ ဘီလီယန်။ ထရီလီယန်။ အဲလိုပေးနိုင်အောင် သူတို့က အလုပ်လုပ်ခဲ့ကြလို့။

ကျွန်တော်တို့ကတော့ တိုင်းပြည်တိုးတက်အောင် လုပ်ခွင့်သာတဲ့ အခြေအနေကမပေး၊ တိုင်းပြည်မွဲအောင် လုပ်ခဲ့သူတွေက များလွန်းသေးတယ်။ စစ်အာဏာ၊ နာဂစ်၊ ကိုရိုနာ။

ပိုက်ဆံနဲ့ မရနိုင်တာတွေ ရှိတယ်လို့ပဲ ဆက်အော်နေကြရဦးမယ်။ ကိုရိုနာက အဲတာတွေကို မကြည့်။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)