COVID-19 survives on surfaces ကိုရိုနာဗိုင်းရပ်စ် ဘယ်မှာဘယ်လောက်ကြာရှင်နိုင်သလဲ

အခုထိ တိတိကျကျမပြောနိုင်သေးပါ။ တခြား ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ မကွာလောက်လို့ ယူဆရတယ်။ အချုပ်ကတော့ နာရီအနည်းငယ်ကနေ ရက်တွေအထိ ရှင်နေနိုင်ကြမယ်။

၁၁-၃-၂၀၂၀ နေ့က လေ့လာမှုတခုအရ လေထဲမှာ ၃ နာရီကြာရှင်တယ်။ ကြေးဝါမျက်နှာပြင် ပေါ်မှာ ၄ နာရီ။ အရည်စိမ့်နိုင်တဲ့ မျက်နှာပြင်တွေပေါ်မှာ ၂၄ နာရီ။ သံမဏိနဲ့ ပလပ်စတစ်ပေါ်မှာ ၇၂ နာရီ။

The New England Journal of Medicine မှာ ၁၇-၃-၂၀၂၀ နေ့က အသစ်ထွက်တယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဆားစ်နဲ့ မားစ်ဗိုင်းရပ်စ်တွေလို သတ္တု၊ ဖန်နဲ့ ပလပ်စတစ်မျက်နှာပြင်တွေပေါ်မှာ ၉ ရက်အထိ ရှင်နေနိုင်တယ်။ ရာသီတုပ်ကွေး ဗိုင်းရပ်စ်က ၄၈ နာရီသာရှင်နိုင်တယ်။ 86 degrees Fahrenheit (30 degrees Celsius) ထက် ပိုပူတဲ့အခြေအနေမှာ ရှင်သေးပေမဲ့ အက်တစ်မဖြစ်တော့ပါ။

Household disinfectants ခေါ် အိမ်သုံးပိုးသန့်ဆေးတွေနဲ့ ကင်းစေအောင်လုပ်နိုင်တာလည်း တွေ့ရတယ်။
အိမ်သုံးပိုးသန့်ဆေးတွေဆိုတာ
၁။ 62-71% ethanol အက်သနောလ်၊
၂။ 0.5% hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် နဲ့
၃။ 0.1% sodium hypochlorite (bleach) ဘလိခ်ျ ခေါ် ချွတ်ဆေးတွေ ဖြစ်ပါတယ်။
 ဒါပေမဲ့ အခုဖြစ်နေတဲ့ ကိုဗစ်-၁၉ ကို အဲလိုအတိအကျ ဟုတ်မဟုတ် ဆက်လက်လေ့လာနေဆဲဖြစ်ပါတယ်။

အမေရိကန် CDC အဆိုက -
70% alcohol အနည်းဆုံးရှိသင့်တယ်တဲ့။
Bleach solution ချွတ်ဆေးရည်ကို ဘလိခ်ျမှုန့် 5 tablespoons (one-third cup) နဲ့ ရေတဂါလံ ရောမယ်။
တနည်းအားဖြင့် ဘလိခ်ျမှုန့် 4 teaspoons နဲ့ ရေတကွာတ ရောရမယ်။

ကနေ့ထွက်သတင်းအရ Princess Cruise သင်္ဘောပေါ်မှာ coronavirus RNA ဟာ ၁၇ ရက်ကြာအထိ တွေ့ရှိရတယ်လို့ CDC က ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဘယ်မှာဘယ်လောက်ကြာရှင်နိုင်သလဲ စာတွေ ပုံတွေ ဇယားတွေ လာမပို့ကြစေလိုပါ။ အဲတာတွေက မတိကျပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး