Coronavirus ကပ်ရောဂါကြီး ဖေ့စ်ဘွတ် နဲ့ ဆရာဝန်
၁။ Coronavirus Pandemic ကမ္ဘာ့ဂြိုလ်ကူးစက်ကပ်ရောဂါကြီး
၂။ မေးသူ ဖေ့စ်ဘွတ် Mark Elliot Zuckerberg မာ့ခ် ဇူကာဘတ်
၃။ ဖြေသူ ဆရာဝန် Dr. Fauci အမေရိကန် National Institute of Allergy and Infectious Diseases အလာဂျီနှင့် ကူးစက်ရောဂါများ အင်စတီကျု ဒါရိုက်တာ
အခု ဘယ်ဆင့်ရောက်နေလဲ
• နိုင်ငံအများစုကိုရောက်နေပြီ။ ဗဟိုချက်မနေရာ တရုပ်ပြည်ကနေ ဥရောပဆီရောက်တယ်။ ယူအက်စ်အေမှာ ပြည်နယ်အားလုံး။ တရုပ်ပြည်မှာ ၂ လခွဲကြာမှာ ထိပ်ဆုံးအမြင့်ထိရောက်ရာကနေ ကျလာတယ်။ ဒီမှာလည်း အတက်ပိုင်းမှာသာ ရှိသေးတယ်။ ၈ ပတ်အထိကြာ မကြာ မသိသေး။
• လူတွေ ရုပ်ပိုင်းထိကပ်နေထိုင်မှု မလုပ်ကြခြင်းက အရေးကြီးတယ်။
• မှန်းဆချက်တွေအရ ကမ္ဘာ့လူဦးရေ ၅၀% သေဆုံးသွားနိုင်တယ်ဆိုတာ ဘယ်လိုမြင်ပါသလဲ။
• ထိရောက်မှန်ကန်တဲ့ ကာကွယ်နည်းအပေါ်မူတည်တယ်။ ၅၀% ဆိုတာ များလွန်းတယ် ထင်တယ်။
• ရာသီဥတုပြောင်းလာရင် သက်သာမယ်ဆိုတာ ဘယ်လိုလဲ။
• ဗိုင်းရပ်စ်တွေဟာ ယေဘုယျတော့ ခြောက်ပြီးအေနေတဲ့နေရာမျိုးမှာ ပိုကြိုက်ကြတာ မှန်ပေမဲ့ နွေးလာရင် နည်းသွား ကျသွားမယ်ဆိုတာ မပြောနိုင်။ ပိုးက အသစ်။
• ယူအက်စ်အေမှာ ကာကွယ်ရေးတွေကို ၁၅ ရက်ကိုဦးတည်ထား လုပ်ဆောင်နေတယ်။ ၁၅ ရက်နေရင် ပြန်လည် ဆန်းစစ်မယ်။ ၂ ပတ်ဆိုတာ ဖြစ်နိုင်တယ်။ တကယ်တော့ လုပ်စရာတွေက ရေရှည် ဆက်လုပ်ရမယ်။
• စစ်ဆေးကရိယာတွေ များများနဲ့ မြန်ဆန်တာကို ကြိုးစားထုတ်လုပ်နေကြတယ်။
• ဆေးရုံသုံး ပစ္စည်းတွေ ကရိယာတွေ အသုံးအဆောင်တွေ ယူအက်စ်အေမှာ အများကြီး သိုလှောင်ထားပြီးသား ရှိတယ်။ ဒါပေမဲ့ မလုံမလောက် ဖြစ်မလာဘူးလို့ မပြောနိုင်။ ထပ်ပြီး မြန်မြန်ဆန်ဆန် ထုတ်လုပ်ရမယ်။
• ဆေးရုံတွေ ကုတင်တွေ မလုံလောက်ရင် ဟော်တယ်တွေကိုသုံးရမှာလား
• ဟော်တယ်တွေရော တက္ကသိုလ်တွေကိုပါ သုံးရနိုင်တယ်။
• အသက် ၉ နှစ်အောက် မဖြစ်သလောက်။
• လူရွယ်တွေ ခံနိုင်ရည်အရ မကူးလောက်ဘူးလို့ပြောနေကြတာကော။
• အသက်ငယ်သူတွေ ကူးစက်ခံရလည်း ခံနိုင်ရည် ရှိကြမှာတော့ ငြင်းစရာ မရှိပါ။ ဘယ်သူမှာတော့ လုံခြုံတာ မဟုတ်ပါ။ လူငယ်တွေ မပေါ့ဆသင့်။
• ၂၀၀၂ ဆားစ် နမူနာကြည့်ပါ။ ၈၀၀၀ ဖြစ်ခဲ့ ၈၀၀ သေဆုံးလို့ ၁၀% ရှိတယ်။ အခုဟာက မတူဘူး။ ကူးစက်မှုက ပိုဆိုးတယ်။ ဖိနှိပ်နိုင်တော့မှာ သက်သာမယ်။ နောက်ရာသီမှာ ဘာလဲ မပြောနိုင်သေး။
• တရုပ်ပြည်မှာ အကုန်ပိတ်ရတယ် သန်းပေါင်းများစွာ၊ အဲတာနဲ့ ၂ လကျော်မှ အထိပ်ရောက်ရာကနေ ကျလာတာ။ အခုတဖန် လူတွေကို အပြင်ထွက်ခြင်း သွားလာခြင်းလုပ်ထားရာကနေ ပြန်ပြီး စုဝေးကြမယ် သွားလာလှုပ်ရှားကြမယ် ပြန်တွေ့ဆုံကြမယ်ဆိုရင် ဒုတိယအကြော့ ပြန်ဖြစ်မလား မပြောနိုင်။
ကာကွယ်ဆေး ဘယ်လောက် မြန်မလဲ
• လွန်ခဲ့တဲ့ ၁၅-၂၀ နှစ်တုန်းက ကာကွယ်ဆေးတခုထုတ်ဘို့ ၆-၇ နှစ်ကြာခဲ့တယ်။ အခုအဲတာနဲ့ မရတော့
• တရုပ်ပြည်ကနေ ဗိုင်းရပ်စ် နမူနာ (ဂျင်းန်) ရလာတယ်။ ၆၅ ရက်အကြာမှာ နိုင်ငံအတော်များများမှာ ဓါတ်ခွဲခန်းတွေက ကြိုးစားထုတ်ယူနေကြတယ်။ မကြာသေးခင်က လူဗော်လန်တီယာတွေကို စထိုးနေပြီ။
• တနှစ် တနှစ်ခွဲနေမှသာ လူအများအတွက် စိတ်ချရတဲ့ ကာကွယ်ဆေး ပေါ်ပေါက်လာမယ်။
ကုသဆေး
Gilead Sciences Inc ကနေထုတ်တဲ့ Remdesivir ဗိုင်းရပ်စ်ဆေးနဲ့ Hydroxychloroquine ငှက်ဖျားဆေးတွေကို တရုပ်ပြည်မှာရော ဒီမှာပါ ထိရောက်မှုရှိတာ တွေ့ရတယ်။
ရေရှည်ကာကွယ်ရေး
ကိုရိုနာဗိုင်းရပ်စ်အမျိုးမျိုးကြောင့် ဆားစ်၊ မားစ်နဲ့ အခုနိုဗယ် ကူးစက်ရောဂါတွေဖြစ်ခဲ့တယ်။ ရေရှည်ဦးတည်ချက်က ယူနီဗာဆယ် ကိုရိုနာကာကွယ်ဆေး ဖြစ်လာရေးကြိုးစားနေတယ်။
ခံနိုင်ရည်
တကြိမ်ကူးစက်ခံရပြီး နေကောင်းလာသူ နောက်ထပ် ရောဂါမရစေနိုင်လောက်လို့ ယူဆယ်။
ဒေါက်တာ ဖေါချီ - CDC ဝဘ်ဆိုဒ်ကိုကြည့်ပါ။
မာ့ခ် ဇူကာဘတ် - Facebook ဖေါစ်ဘွတ်ကိုကြည့်ပါ။
https://www.facebook.com/facebook/videos/520947868798446
Good Luck! ကံကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ
၂၁-၃-၂၀၂၀
ညနေ ၅ နာရီ ၁၄ မိနစ်။

Comments
Post a Comment