Incubation period ကူးစက်ခံရချိန်နှင့် ရောဂါလက္ခဏာခံစားရချိန် ကြားကာလ

ဆရာရှင့် နိုင်ငံခြားကပြန်လာပြီး အိမ်တွင် ၁၄ရက်နေထိုင်ပြီး မဖျားမနာဆို ရောဂါပိုးရှိမရှိ သေချာပြီလားရှင့် သိချင်လို့ မေးမိတာပါရှင့် ဘလော့တော့မဘလော့ပါနဲ့ရှင့် ဆရာ့ရဲ့ပို့စ်တွေဗဟုသုတအားကိုးဖတ်နေရသူပါ။

စမ်းမှာသာ သေချာနိုင်။ ထပ်မကူးသူ ကူးစက်ခံရခြင်း မရှိလောက်။

ရောဂါကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာတွေစပေါ်လာချိန်ကြားကာလကို Incubation period လို့ခေါ်တယ်။ ကူးစက်ရောဂါတွေ အဲဒီအချိန်ကာလ အတိုအရှည် မတူကြပါ။

အခုဖြစ်ပွါးနေတဲ့ ကိုဗစ်-၁၉ ရောဂါဟာ လက်ရှိသုတေသနလေ့လာချက်တွေအရ အဲဒီကာလ ၁ ရက်ကနေ ၁၄ ရက်အထိ ကြာတယ်။ ပျမ်းမျှ ၅ ရက်။ အဲတာကြောင့် သီးခြားခွဲစောင့်ကြည့်ကာလကို ၁၄ ရက်လို့ သတ်မှတ်ထားတယ်။

ကူးစက်နိုင်စွမ်းဟာ ရောဂါလက္ခဏာတွေခံစားနေရချိန်မှာဖြစ်တယ်။ Incubation period မှာ သူများတွေကို မကူးစက်လောက်လို့ ယူဆရတယ်။ ပိုးကအသစ်ဖြစ်လို့ ၁၀၀% တော့ အာမမခံနိုင်ပါ။

ကုသပြီးနောက် ပြန်လည်သက်သာ ကောင်းမွန်လာသူတွေ အဲဒီပိုးကို ခံနိုင်ရည်ရှိမယ်လို့ ယူဆရတယ်။ Immunity လို့ ခေါ်တယ်။ ကာကွယ်ဆေးထိုးထားတဲ့သဘောမျိုး။ အဲတာလည်း ၁၀၀% တော့ မဟုတ်။ တရုပ်ပြည်မှာ ပိုးပြန်တွေ့သူ အနည်းအပါးရှိတယ်။

မနေ့က တွေ့တယ်။ ဗြိတိန်နဲ့ ယူအက်စ်အေကနေ ဝင်လာသူ ၂ ယောက်။ အဲဒီနှစ်ယောက်ရဲ့ ခရီးစဉ်တွေကို တန်းစီ ရေးပြပြီး အဲဒီလမ်းကြောင်းနဲ့ အချိန်မှာ လူတွေအများကြီးကို ကူးစက်ပြီးလောက်ပြီလို့ စိတ်ကူးယဉ်ပြီး ရေးထားတယ်။ အဲတာ မမှန်နိုင်ပါ။ Incubation period မှာ သူများတွေကို မကူးစက်လောက်လို့ ယူဆရတယ်။ ပိုးကအသစ်ဖြစ်လို့ ၁၀၀% တော့ အာမမခံနိုင်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး