လက်တွေ့ စမ်းပြီးပြီလား

တမာရွက်ပြုတ်အောက်မှာ လာတဲ့ ကွန်မင့်အများကြီးထဲက တခု။

ကိုတင့်ဆွေက လက်တွေ့စမ်းပြီးပြီလားသိချင်ပါတယ်

ဒါးကို အဲလိုမကိုင်ရဘူး ပြောတာကို ကလေးတွေတောင် လိုက်နာကြတယ်။ ရှားရှားပါးပါး ဒါးသွား လက်နဲ့ ဆုပ်ကိုင်တဲ့ ကလေးလည်း ရှိသေးတာ။

လူတိုင်းက ဘာမဆို ဓါတ်ခွဲခန်းသွားစစ်နိုင်ကြတာ စစ်ချင်ကြတာ မဟုတ်ပါ။ တတ်သိသူတွေပြောတာ သင်ပြဆုံးမတာကို နာယူကြရတာ။ ပြောမရသူတွေလည်း ရှိတာပေါ့။

စိတ်အခြေအနေ မမှန်သူတွေကသာ စဉ်းစားဆင်ခြင်မူ လွဲမှားတာကို အမှန်ထင်တတ်ကြတယ်။

ကျောင်းစာဆိုရင် ဆရာဆရာမတွေ သင်ပြတာကို နာယူကြရတယ်။ ကျန်းမာရေးဆို ဆရာဝန်တွေပြောတာ။ စက်တွေအကြောင်း မက်ဂဲနစ်တွေကသာ သိတယ်။ ဘာသာတရားလည်း အဲလိုပဲ။ ငရဲမကောင်းတာ မယုံ၊ သွားကြည်မယ်လို့ ဘယ်သူပြောသလဲ။ နတ်ပြည်တော့ သွားချင်ကြမှာပေါ့။ ကျွန်တော်လည်းပါမယ်။

ဘယ်သူပြောပြော မယုံ၊ ငါအကုန်သိဆိုသူတွေလည်း မနည်းလှပါ။

ကွန်တော်ကတော့ ကိုရိုနာဗိုင်းရပ်စ်အကြောင်း သိတန်သလောက် သိပါတယ်။ အမှန် နဲ့ အမှား။

တမာရွက်အကြောင်း ရေးတင်ထားတယ်။ ကိုရိုနာ မမွေးခင်ကတည်းက။ လေးနှစ်ကျော်ပြီ။
1. Sunday, February 7, 2016
Medicinal properties of neem leaves တမာရွက်ရဲ့ဆေးစွမ်း ဆန်းစစ်ချက် https://doctortintswe.blogspot.com/2016/02/medicinal-properties-of-neem-leaves.html
2. Monday, August 1, 2016
Neem leaves 2 သဒ္ဓါရွက် https://doctortintswe.blogspot.com/2016/08/neem-leaves-2.html
3. Thursday, February 7, 2019
Neem leaf ခါးသက်သက်အလွမ်း https://doctortintswe.blogspot.com/2019/02/neem-leaf.html
Thursday, February 21, 2019
Neem and BP တမာရွက်နဲ့ သွေးတိုး သို့မဟုတ် တမာရွက်ကို ရန်လုပ်သူများ https://doctortintswe.blogspot.com/2019/02/neem-and-bp.html
4. Sunday, July 31, 2016
Neem Leaves တမာရွက် https://doctortintswe.blogspot.com/2016/07/neem-leaves.html
5. Sunday, May 29, 2016
Neem Seeds ချိုတာလို တမာကိုထပ်မစိုက်ပါနဲ့ https://doctortintswe.blogspot.com/2016/05/neem-seeds.html
6. Wednesday, October 10, 2018
Neem Leaves and Fish Paste တမာရွက်အတို့ https://doctortintswe.blogspot.com/2018/10/neem-leaves-and-fish-paste.html
7. Saturday, February 22, 2020
Neem leaves သွေးတိုးနှင့် တမာရွက် သို့မဟုတ် တမာရွက်ကို ရန်လုပ်ကြသူများ https://doctortintswe.blogspot.com/2020/02/neem-leaves.html

ဒေါက်တာတင့်ဆွေ
၂၉-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး