Saturday, March 28, 2020

Free Bird ငှက်လွှတ်ခြင်း

ငှက်လွှတ်နေကြတဲ့ ပုံတွေတွေ့ရလို့ ဘာလဲသိအောင် ဖတ်ရသေးတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ မဆိုင်တာတွေ့ရတယ်။ အဲတာထက်ကို အရေးကြီးပုံရတယ်။

ငှက်လွှတ်ခြင်းအလေ့ကို ယဉ်ကျေးမှုမတူတာတွေမှာ မတူတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ကြတယ်။ ဘုရားတွေမှာ ငှက်လွှတ်နည်းနဲ့ ပိုက်ဆံရှာကြတယ်။

တရုပ်လူမျိုးတွေမှာ ငှက်လွှတ်တဲ့ အလေ့အထပိုများတယ်။ ခဏနေတော့ လွှတ်လိုက်တဲ့ငှက် လှောင်အိမ်ထဲ ပြန်ရောက်လာတယ်။ ပိုက်ဆံပေးပြီး ငှက်လွှတ်တဲ့သူ ရှေ့မှာ။ အသေအချာ လေ့ကျင့်ပေးထားတာ။ တရုပ်ပြည်မှာ စစ်သုံးခွေးအစား ဘဲငန်းတွေကို သုံးလာကြတယ်။

လှောင်အိမ်ထဲကငှက်တွေ လွတ်မြောက်ကြပါစေသတည်း။

ပုံတွေတော့ လာမတင်ကြစေလိုပါ။ ခုလိုချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ထက် အရေးကြီးတာ ဘာလဲမသိ။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂၀၂၀

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တကယ်ကြီးပွားလိုသူများ

ဘူးတလုံးဆောင် အိုအောင်မဆင်းရဲ ပီမိုးနင်း ဘဝတိုက်ပွဲ ဒေါက်တာတင့်ဆွေ ၁၂-၇-၂၀၂၀