Covid-19 ရောဂါအမည်

ဆရာ သိချင်တာလေးတခုလောက်မေးခွင့်ပြုပါဆရာ Cv 19 က ရောဂါဖြစ်ပီးပြန်ကောင်းသွားတဲ့အချိန်မှာ နောက်တယောက်ကနေပြန်ပြီးတော့ ကူးနိုင်ပါသလားဆရာ

ကာကွယ်ပြီးဖြစ်နိုင်လို့ ကနေ့အထိယူဆရ။ ဒါပေမဲ့ ပိုးကအသစ်ဖြစ်လို့ ဘယ်ဆရာဝန်ကမှ ၁၀၀% အာမမခံနိုင်သေး။

ကျေးဇူးတင်ပါတယ်ဆရာ

ရောဂါအမည်နဲ့ ဆေးအမည်တွေကို ကိုယ်လိုသလို အတိုကောက် ကိုယ်ပေးချင်တဲ့အမည် မရေးသားသင့်။

CV ဆိုတာ လျှောက်လွှာတင်ရာမှာသုံးတဲ့ ကိုယ်ရေးအကျဉ်းကို ခေါ်တယ်။ CV = Curriculum Vitae

ဒေါက်တာတင့်ဆွေ
၂၄-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး