မာသောနဖူး
၁။ ဆရာရှင့် အသက် ၂၁နှစ်မိန်းကလေးပါ နှာခေါင်းနဲ့နဖူးမာ အဖုလေးတေထွက်ပါတယ် အသားအရေက အဆီလဲပြန်တယ် ဘလိုလိမ်းဆေးသုံးပြီး ဘလိုပျောက်အောင်လုပ်ရမလဲဆရာ ဖြေပေးပါရှင့်
အဖုလေးတွေလို့ ရေးရ။ ဘယ်လိုလို့ရေးရ။ ဘလိုဆိုရင် အဘလိုဖြစ်မယ်။ နဖူးမှာလို့ရေးရ။ နဖူးမာဆိုရင် မာသောနဖူး ဖြစ်မယ်။
၂။ မင်္ဂလာပါဆရာ ရောဂါတခုခံစားနေရလို့ပါ လက်တွေမာ အဖြူစက်လေးတွေပေါက်လာလို့ အဲဒါ ဘါဆေးတွေ သောက်ရင်ကောင်းမလဲ သိချင်လို့ပါ
၃။ ဆောက်တည်ရာမရတွေဖစ် စိတ်နက်လူနက်မကပ် ဘယ်လိုမှထိန်းချုပ်လို့မရဘူး state ပေါ်ရောက်တဲ့အခါတွေမာလဲ တလွဲတွေဖစ် နက် ကိုယ်ကိုကိုယ်မကျေနပ်နိုင်ဖစ်ရပါတယ် အရမ်းစိုးရိပ်စိတ်တွေလွန်ကဲပါတယ်ဆရာ
၎။ ဆရာ ကန်တော့ပါ ရှင့် မရိုမသေလေးဖြစ်မိသွားရင် နားနဲ့မနာဖဝါးနဲ့နာပါရှင့် မိန်းမကိုယ်မာ ဖြစ်တာပါ လိုင်းပေါ်ရှာကျိတော့
၅။ ဟုတ်ကဲ့ပါရှင့် မာအောက်မှာတစ်ချောင်းငင်ထည့်ရင်keyboard ပြောင်းနေရလို့ရှင့်အမြန်ရေးလိုက်တာရှင့် ကျေးဇူးပါရှင့် သိပါတယ်ဆရာ တေနဲ့တွေက အမြန်ရေးလိုက်မိတာပါ အောက်ကဝဆွဲထည့်နေရင်ကြာမာစိုးလို့ပါရှင့် ဆယ်တန်းတုန်းက မြန်မာစာဂုဏ်ထူးထွက်ထားတာပါရှင့် ထောက်ပြပေးလို့ကျေးဇူးတင်ပါတယ်ရှင့်
၆။ အရိုးမာတဲ့။
၇။ ရန်ကုန်မာတဲ့။
၈။ သားအိမ်မာတဲ့။
၉။ မြန်မာမာတဲ့။
မာ နှင့် မှာ https://doctortintswe.blogspot.com/2018/01/blog-post_19.html
မာ နှင့် မှာ သို့မဟုတ် မာသောအရိုး မာသောအိမ် မာသောရန်ကုန် https://doctortintswe.blogspot.com/2019/01/blog-post_82.html
မာသော ရန်ကုန် https://doctortintswe.blogspot.com/2018/03/blog-post_675.html
မြန်မာစာကို မှန်အောင်မရေးကြသူများကို မြန်မာလူမျိုးဟုခေါ်သည်
အဖုလေးတေ ချိုင်းကြားတေ ပေါင်ကြားတေ ဆေးခန်းတေ https://doctortintswe.blogspot.com/2019/03/blog-post_25.html
တေ နှင့် ပီး https://doctortintswe.blogspot.com/2018/09/blog-post_68.html
တွေ နှင့် တေ https://doctortintswe.blogspot.com/2019/01/blog-post_480.html
စသတ် အပိုပါ၊ အောက်မြစ် အပိုပါ၊ ဝဆွဲ မပါ၊ ရရစ် မပါ၊ မြန်မာစာ ကျန်းမာလာပါစေသည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment