Human Nutrition လူ့အာဟာရ

ကွန်မင့်တွေဖတ်ပြီး ရေးပါတယ်။
၁။ ဆန်က အားဖြစ်တယ် ဆရာ
၂။ ဆန်က အားဖြစ်လို့လား။ ပဲကသာ အသားဓာတ်လို အားဖြစ်တာပါ
၃။ ဆန် အားဖြစ်လို့ ထမင်းစားနေကြတာပေါ့ခင်ဗျား။

လူသည် အစုံစားသတ္တဝါဖြစ်၏လို့ အလယ်တန်းအထွေထွေသိပ္ပံမှာ သင်ယူခဲ့ရတယ်။ အစုံဆိုတာဘာလဲ။ ပဲ အသားငါးနဲ့ ဟင်းသီးဟင်းရွက်။ ဆန် ဆီ ဆားကိုတော့ ပြောရန်မလိုထင်လို့ မထည့်ခဲ့ပါ။ အခုတော့ ထည့်ရတော့မယ်။ ကမ္ဘာပေါ်ရှိ လူတိုင်းဟာ ဆန် ဂျုံ ပဲ ပြောင်း တခုခုကို အမာခံထား စားကြတယ်။

ဆန်စားသုံးတဲ့ တိုင်းပြည်များ
1. Bangladesh
2. Bhutan
3. Brazil
4. Cambodia
5. China
6. India
7. Indonesia
8. Japan
9. Korea
10. Laos
11. Malaysia
12. Myanmar
13. Nepal
14. Nigeria
15. Pakistan
16. Philippines
17. Sri Lanka
18. Taiwan
19. Thailand
20. Vietnam

စာရင်းအကုန် မဟုတ်သေးပါ။

မြန်မာပြည်မှာ ၁၉၈၈ ခုနှစ်ဆန်းလောက်က ဆန်ရှားလွန်းလို့ ကျွန်တော်နေတဲ့အရပ်မှာ ကြွေးဥတွေ တူးစားကြရတယ်။ တသက်လုံး ဆန်စားလာသူတွေကို ဂျုံကိုကျိုပြီး စတုဒိသာကျွေးခဲ့ကြရတယ်။ ဆန်ရှားလို့ မဆလ ပြုတ်ကျတာလို့ပြောရင် တစိတ်တပိုင်း မှန်တယ်။ အိန္ဒိယမှာ အစိုးရပြုတ်ကျအောင် ကြက်သွန်နီနဲ့ ကစားတယ်။

ဆန် ဂျုံ ပဲ ပြောင်း အခြေခံစားစရာကနေ ဘာရသလဲ။ ကယ်လိုရီနဲ့ တွက်တယ်။ တဗူးကနေ ကယ်လိုရီဘယ်လောက်။ ကယ်လိုရီရတယ်ဆိုတာ ဘာလဲ။ အင်နာဂျီ ရတာ။ အင်နာဂျီဆိုတာ ဘာလဲ။ စွမ်းအင်လို့ ဘာသာပြန်တယ်။ အားလို့လည်း ပြောနိုင်တယ်။ မော်တော်ကားကို ဓါတ်ဆီဖြစ်ဖြစ် ဒီဇယ်ဆီဖြစ်ဖြစ် မပါရင် မောင်းမရသလိုပဲ။

မရှည်တော့ပါ။ လူတွေ ဆန် ဂျုံ ပဲ ပြောင်း စားကြလို့ အင်နာဂျီရတယ်။ လှုပ်ရှားနိုင်တယ်။ လမ်းသွားနိုင်တယ်။ ပြေးနိုင်တယ်။ တောင်ပေါ်တက်နိုင် ရေကူးနိုင်တယ်။ မြေတူးနိုင်တယ်။ အသားငါးဥနဲ့ အသီးအရွက်တွေကလည်း ကယ်လိုရီ အင်နာဂျီ အား ရတာပါတယ်။ ပင်မကတော့ ဂျုံ ဆန် ပဲ ပြောင်း ကြွေးဥ။

ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး