Coronavirus ဆရာဝန်တွေ

၁။ ER Doctor Sick With Coronavirus ဗြိတိန်မှာ ဆေးရုံအရေးပေါ်ဌာနဆရာဝန်တယောက် ကူးစက်ခံထားရ

နာရီပိုင်းအတွင်းက သတင်းဖြစ်ပါတယ်။ နယူးယော့မြို့တော်က Dr. Sana Maheshwari ဖြစ်ပါတယ်။ ဆောရီး။

၂။ Malaysian doctor, wife and 5 children test positive for COVID-19
မလေးရှားဆရာဝန်၊ သူ့ဇနီးနဲ့ သားသမီး ၅ ယောက် ကူးစက်ခံထားကြရ

မနေ့ကသတင်းဖြစ်ပါတယ်။ Dr Samsu Ambia Ismail ဟာ Teluk Intan Hospital ဆေးရုံ ထိခိုက်ဒဏ်ရာဌာန အကြီးအကဲ ဖြစ်ပါတယ်။ ဆောရီး။

အီရန်မှာ အကြီးအကျယ်ဖြစ်စဉ်က အီရန်အမျိုးသမီးတွေ နှာခေါင်းစည်းနဲ့ပုံတခု သုံးတော့ အဲလိုဘာသာပုံမျိုး သုံးရကောင်းလားလို့ ကက်ကက်လန် ရန်တွေ့ခံရတယ်။ ဘလော့လိုက်တယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ လူမျိုး ဘာသာ ကျားမ မခွဲခြားပါ။ မြန်မာပြည်မှာ အစွန်းရောက်တွေကို မွေးထုတ်ထားတယ်။ အစွန်းရောက်တွေကို အသုံးချပြီး လုပ်စားနေသူတွေကလည်း အမျိုးမျိုး။ ပြောတော့ ဘလာ ဘလာ ဘလာ။

လူမျိုး ဘာသာ ကျားမ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး