We don’t know yet ကိုရိုနာ ပြန်ဖြစ်နိုင်သလား

မေးပါရစေ covid 19 ပျောက်ကင်းသွားတဲ့သူတွေမှာ နောက်တကြိမ်ပြန်ဖြစ်နိုင်သေးလား ခင်ဗျာ

တရုပ်ပြည်မှာ ဆေးရုံကဆင်းပြီးသူ ဆေးရုံပြန်တက်ရလို့ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ဖတ်ရတယ်။

ဟုတ်ကဲ့သေသေချာချာ မသိသေးတဲ့သဘောမျိုးဖြစ်နေတာပေါ့ ပြန်ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို

အဲဒီသတင်းထွက်တဲ့နေ့က တင်ထားတယ်။

အခု ထပ်ရေးပါမယ်။ ၂၅-၃-၂၀၂၀ နေ့ကဆောင်းပါးကို ကိုးကားပါမယ်။ ကိုရိုနာ ပြန်ဖြစ်နိုင်သလား၊ ကျွန်တော်တို့ ကံသေကံမ မပြောနိုင်သေးပါတဲ့။ covid-19 ဗိုင်းရပ်စ်က immunity ခေါ် ရောဂါပြီးသလား မပြီးလား အခုထိ လုံလောက်တဲ့ အထောက်အထား မရသေးပါ။

ဖေဖေါ်ဝါရီလထဲတုန်းက ဂျပန်မှာ အမျိုးသမီးလူနာတယောက် all-clear အားလုံး ကင်းရှင်ပြီလို့ သတ်မှတ်ပြီး ဆေးရုံက ဆင်းပေးလိုက်တယ်။ ဒါပေမဲ့ ဒုတိယအကြိမ်စမ်းတော့ covid-19 tested positive တွေ့ပြန်တယ်။ တရုပ်ပြည်မှာလည်း အမျိုးသားတယောက် အဲလိုတွေ့တယ်။

အကောင်တွေကို လက်တွေ့စမ်းသပ်နေတာတွေရှိတယ်။ ထည့်မရေးတော့ပါ။

ကျွန်တော်တို့ ကံသေကံမ မပြောနိုင်သေးပါ။

ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး