Disinfect Your Phone ဖုန်းကို ဘယ်လိုပိုးသန့်မလဲ

ဖုန်း ကွန်ပြူတာ တက်ဘလက် စားပွဲ စတဲ့ အမြဲလိုလို ထိကိုင်နေရတဲ့ မျက်နှာပြင်တွေကို ပိုးသန့်အောင် ဘယ်လိုလုပ်မလဲ။ ကိုရိုနာဗိုင်းရပ်စ်ဟာ ချောင်းဆိုးရာ နှာချေရာကနေထွက်တဲ့ အမှုန်လေးတွေကတဆင့် ကူးစက်တယ်။ အဲတာတွေပေါ်မှာ ကျရောက်နေနိုင်တယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်နေရာမျိုးမှာ ဘယ်လောက်ကြာ ရှင်သလဲ မတူပါ။ သုတေသနလေ့လာမှုတွေ လုပ်နေကြဆဲ ဖြစ်တယ်။ ပိုးကအသစ်။ အတိအကျ ဘယ်သူကမှ မပြောနိုင်ကြသေး။ ကျွန်တော်သိတာ တင်ထားတယ်။ သူများ ရေးထားတာတွေ လာမတင်ကြစေလိုပါ။ အဲတာတွေက ဆားစ်နဲ့ မားစ်ကိုလုပ်ထားတဲ့ လေ့လာမှုတွေသာဖြစ်တယ်။

ပိုးဟာ လူ့ကိုယ်မဟုတ်တဲ့နေရာတွေမှာ ကြာကြာ မရှင်နိုင်ပါ။ ရှိနေသေးဦးတော့ အက်တစ်မဖြစ်ပါ။ မကြာခဏ လက်ဆေးခြင်းထက် ပိုကောင်းတဲ့ ကာကွယ်နည်း မရှိပါ။

Phone or Tablet ဖုန်း နဲ့ တက်ဘလက်
• မီးပလပ် ဖြုတ်ပါ။
• စပရေး မလုပ်ပါနဲ့။
• ခြောက်သွေ့တဲ့ နူးညံ့တဲ့ အဝတ်စသုံးပါ။
• တစ်ရှူး မသုံးပါနဲ့။
• ပေပါတာဝါ မသုံးပါနဲ့။
• ဖိုက်ဘာစ မသုံးပါနဲ့။
• Google အဆိုအရ Pixel 3a အမျိုးအစားအတွက် ရိုးရိုး အိမ်သုံးဆပ်ပြာ သို့မဟုတ် ဝိုက်အစ သုံးနိုင်တယ်။ အယ်လ်ကိုဟောပါတာ မသုံးပါနဲ့။
• Apple အဆိုအရ iPhone ကို 70% isopropyl alcohol wipes သို့မဟုတ် Clorox disinfectant wipes သုံးပါတဲ့။
• oil-resistant coating အဖုံးလွှာနဲ့ ကေ့စ်ကို အရက်ပျံပါအဝတ်စ သို့မဟုတ် disinfecting wipe သုံးပါ။ သို့မဟုတ် အဲတာတွေကို အသစ်လဲပါ။

Computers, keyboards, remote controls နဲ့ mouses တွေအတွက်
• မီးပလပ်ဖြုတ်ပါ။
• စပရေး မလုပ်ပါနဲ့။
• ပေပါတာဝါ မသုံးပါနဲ့။
• ဖိုက်ဘာစ မသုံးပါနဲ့။
• alcohol-based disinfectant wipe သုံးနိုင်တယ်။ Lenovo အဆိုအရ အရည်ကို အတွင်းထဲ မကျစေပါနဲ့။ ခြောက်အောင် စောင့်ပါ။
• Apple အဆိုအရ 70% isopropyl alcohol wipes သို့မဟုတ် Clorox disinfectant wipes သုံးပါ။

စားပွဲတွေနဲ့ တံခါးလက်ကိုင်ဘုတွေ
• CDC အဆိုအရ Clorox Clean-Up with Bleach, Lysol Disinfectant Spray, Zep Antibacterial Disinfectant and Cleaner နဲ့ Simple Green Clean Finish တွေ သုံးနိုင်တယ်။

မကြာခဏ လက်ဆေးခြင်းထက် ပိုကောင်းတဲ့ ကာကွယ်နည်း မရှိပါ။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး