Coronavirus Hand Washing လက်ဆေးနည်း

ဆရာရှင့် ဆရာလမ်းညွှန်တဲ့အတိုင်း လက်ဆေးလွန်းလို့ လက်ကောက်ဝတ်ကနေအောက် အသားများကွဲအက်နေလို့ အရမ်းစပ်နေပါတယ်ရှင့် ဆောင်းမှာရေအေးကိုင်လို့ အသားပတ်သလိုပါရှင့်

ဘယ်အချိန်အခါမှာ လက်ဆေးရမလဲကိုပါ ဖတ်ပါရန်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း
၁။ လက်ဆေးပါ။
၂။ ချောင်းဆိုး နှာချေတိုင်း ဖုံးထားပါ
၃။ တံတောင်ဆစ်ထဲမှာ ချောင်းဆိုး နှာချေပါ (တသက်လုံး အဲဒီအကျင့် လုပ်ပါ)
၎။ လက်မဆေးပဲ မျက်စိ နှာခေါင်းပါးစပ်ကို မထိ မကိုင်ပါနဲ့
၅။ နေမကောင်းသူတွေနဲ့ ထိကပ်မှု မလုပ်ပါနဲ့
၆။ ဖြစ်နိုင်သလောက် အိမ်မှာသာနေပါ
၇။ ကူးစက်မှုရှိတဲ့အရပ်ဒေသတွေမှာ အိပ်ပြင်ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ
၈။ အိမ် ရုံး အလုပ်နေရာတွေမှာရှိတဲ့ မျက်နှာပြင်တွေနဲ့ လက်ကိုင်တတ်တဲ့နေရာတွေကို Lyzol လိုက်ဇောဆေးရည်နဲ့ သန့်ရှင်းပေးနေပါ

လက်ဆေးနည်း
• ရေအိမ်သာက ထွက်လာတိုင်း၊
• သန့်ရှင်းရေးလုပ်ပြီးတိုင်း၊
• ချောင်းဆိုး နှာချေပြီးတိုင်း၊
• အပြင်ကနေပြန်လာတိုင်း၊ လက်ဆေးပါ။

ပဌမဦးစားပေးနည်း ဆပ်ပြာနဲ့ ရေသုံးပါ။
လက်ကို စက္ကန့် ၂၀ ကြာဆေးပါ။
• ၁ ကနေ ၂၀ ထိ မှန်မှန်ရေတွက်ပါ။ သို့မဟုတ်
• က ကနေ န အထိဆိုပါ။ သို့မဟုတ်
• အေ ကနေ တီ အထိ ဆိုပါ။ သို့မဟုတ်
• ဟက်ပီးဘာ့သ်ဒေးသီချင်း ၂ ခေါက်ဆိုပါ။

အလွယ်နည်း အယ်လ်ကိုဟော ၆၀% ပါတဲ့ Hand Sanitizer လက်ဆေးရည် သုံးပါ။

ဆပ်ပြာခဲ ဆပ်ပြည်ရည် သုံးနေကျကိုသုံးပါ။ အဆန်းတွေ မလိုပါ။ လက်ကိုအဲလိုဖြစ်စေသူတွေအတွက် ကလေးသုံး ဆပ်ပြာရည် သင့်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)