Coronavirus Symptoms ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ


Coronavirus Symptoms ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ

မင်္ဂလာပါဆရာ သမီး Feb 23 ရက်နေ့က ရန်ကုန်ကနေ ဆိုလ်းကို ကျောင်းတတ်ဖို့ ရောက်လာပါတယ် လေယဉ်ပေါ်မှာကော နှာခေါင်းစည် တောက်လျှောက်တပ်လာပါတယ် ဆရာ အဆောင်ရောက်ပြီး ဒီနေ့ထိ ၇ရက်တော့ရှိပါပြီ ဖျားတာ နှာစေးတာ ခြောင်းဆိုတာတော့ မရှိသေးပါဘူးဆရာ ဒါပေမဲ့ အဆောင်ထဲပဲ နေ့စဉ်နေတာကြောင့်လား စိတ်စိုးရိမ်လွန်လို့လား မသိပါ အသက်ရှူရတာ တခါတခါ ခပ်ပြင်းပြင်းရှူနေရသလို ခံစားလာရပါတယ် ဆောင်းရာသီ ကုန်ခါစမို့ အပြင်မှာချမ်းတော့ အဆောင်က ပြဒင်းပေါက်တွေ အကုန်ပိတ်ထားတော့ လေဝင်လေထွတ်တော့မရှိပါဘူးရှင် အသက်က သက်ပြင်းချပြီး ရှူနေရသလိုဖြစ်နေတာပါ ကိုရိုနာဗိုင်းရပ်က ဖြစ်ရင် အသက်ရှူရခက်ခဲတယ်ဆိုတာသိရတော့ ပိုစိတ်ပူမိပါတယ် ဆရာ သမီး သိချင်တာက ကိုရိုနာ ဗိုင်းရပ်စ်ဟာ ဖျားနှာခြင်းမရှိပဲ ရိုးရိုး အသက်ရှူရခက်ရင်ကော သံသယရှိသင့်ပါသလားဆရာ

Coronavirus Symptoms ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ
• Fever ဖျား 83%
• Cough ချောင်းဆိုး 82%
• Shortness of breath အသက်ရှူမဝ 31%
• Muscle ache ကြွက်သာတွေနာ 11%
• Confusion စိတ်မကြည်လင် 9%
• Headache ခေါင်းကိုက် 8%
• Sore throat လည်ချောင်းနာ 5%
• Rhinorrhoea (runny nose) နှာရည်ယို 4%
• Chest pain ရင်ပတ်နာ 2%
• Diarrhea ဝမ်းပျက် 2%
• Nausea and vomiting ပျို့အန် 1%
• More than one sign or symptom ရောဂါလက္ခဏာတခုမကရှိသူ 90%

Incubation Period ရောဂါပိုးဝင်ခံရပြီးနောက် ရောဂါလက္ခဏာပေါ်လာချိန် 2 - 14 ရက်။ 0 - 27 ရက်လည်း ဖြစ်နိုင်။

ပြူတင်းပေါက်လို့ ရေးရတယ်။

ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကာကွယ်မလဲ
၁။ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး မကြာခဏဆေးပါ။
၂။ ချောင်းဆိုးရင် ပါးစပ်ကို ဖုံးထားပြီးသာ ဆိုးပါ။
၃။ နှာခေါင်းစည်းက တတိယဦးစားပေးဖြစ်တယ်။
၎။ လူထူထူရှိရာတွေ ရှောင်ပါ။
၅။ သတင်းလိမ် သတင်းမှားတွေ မပြောနဲ့။ မရေးနဲ့။ မဖြန့်နဲ့။ မယုံနဲ့။ ဟိုဆေးနည်း သည်ဆေးနည်းတွေ မယုံနဲ့။

ဒေါက်တာတင့်ဆွေ
၁-၃-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး