Coronavirus - Pregnant women and Babies

ကိုရိုနာဗိုင်းရပ်စ် ကိုယ်ဝန်ဆောင်နှင့် ကလေး

ပြီးခဲ့တဲ့ သတင်းပတ်ကုန်က ယူကေမှာ ကိုယ်ဝန်ဆောင်မိခင်ရော သူကနေမွေးလာတဲ့ကလေးမှာပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိပါတယ်။ စိုးရိမ်မှုအသစ်တွေ ပိုလာစေတယ်။

ဒါပေမဲ့ Royal College of Obstetricians and Gynaecologists တော်ဝင် သားဖွါးမီးယပ်ဆရာဝန်တွေကတော့ ကိုယ်ဝန်ဆောင်တွေ ကူးစက်ခံရလည်း ရောဂါလက္ခဏာတွေ ဆိုးဆိုးဝါးဝါး မဖြစ်ကြပါ။ ဒါပေမဲ့ ဒီဗိုင်းရပ်စ်ဟာ အသစ်ဖြစ်လို့ တိတိကျကျ ပြောမရသေးပါ။

မွေးလာတဲ့ကလေးဟာ ကိုယ်ဝန်ဆောင်စဉ်က မိခင်ဆီကနေ ကူးလာတာ ဟုတ် မဟုတ် မပြောနိုင်ပါ။ အခုထိတော့ ရောဂါပိုးဟာ မိခင်ဆီကနေ အထဲကကလေးဆီ ကူးတယ်လို့ အထောက်အထား မတွေ့ရသေးပါ။ ကလေးလည်း ချို့ယွင်းချက် မတွေ့သေးပါ။ အဲတာကြောင့် ကလေးကို နို့တိုက်နိုင်ပါတယ်။ ချောင်းဆိုးတိုင်း နှာချေတိုင်း ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ထားပါ။ လက်ကို လိုတိုင်း ဆေးပါ။

ဒေါက်တာတင့်ဆွေ
၁၅-၃-၂၀၂၀

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Alinamin F ထိုးဆေး