လယ်စောင့်တဲလေး

မိုးရေ တက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး။

လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်။

ကြာနီတပွင့် ဖြူတပွင့်
တဲနဲ့ ပနံတင့်။     ။

ဆရာမင်းသုဝဏ်ရေးရဲ့သတ်ပုံကို တင်ပြပါတယ်။ ခုခေတ်ကဗျာဆရာတွေကတော့ တစ်ဖွေးဖွေးတို့ တစ်ပွင့်တို့တဲ့။ ကျွန်တော်တော့ အဲလိုရေးတာမှန်သမျှကို မဖတ်တတ်ပါ။ သူတို့ကဗျာကို မော်ဒန်လွန်ဆိုလား အမွှန်းတင်ကြတယ်။ ကျွန်တော်တော့ သတ်ပုံမှန်ရေးတဲ့ခေတ်ကိုသာ လွမ်းတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး