အများနှင့် တယောက်

စာရေးဆရာ နတ်နွယ် (၁၉၃၃-၂ဝ၁၁) ရေးသားခဲ့တဲ့စာအုပ်တွေထဲက တချို့ကို နမူနာတင်ပြပါရစေ။

ကမ္ဘာ့စာပေ တစေ့တစောင်း
ကုသိုလ်တပဲ ငရဲတပိသာ (၁၉၆၉)
ချစ်သူနှင့် တခဏ မုန်းသူနှင် တဘဝ (၁၉၇၃)
စိတ်ထဲမှာ တကမ္ဘာ (၁၉၇၄)
တခိုင်နန်းမိုး လွမ်းလဲ့ရည်
တဆယ် (၁ဝ) (၁၉၆၄)
တပင်ကို နှစ်ပင်ယှက်တယ် (၁၉၇၄)
တဖန်ပြန်၍ မနိုးသော ဝေဒနာ (၁၉၈၃)
တမင်သက်သက် (၁၉၆၁)
တဝဲလည်လည် (၁၉၆၁)
တိတ်တဆိတ် (၁၉၆၁)
တကွေ့ကွေ့တော့ တွေ့ကြဦးမယ် (၁၉၆၆)
တနေ့မဟုတ် တနေ့ (၁၉၆၅)
တယောက်က မာယာ
နန်းစပယ်နှင့် တယောက်ပြီးတယောက် (၁၉၇၂)
မနေ့တနေ့က ရွာတဲ့မိုး
ရန်သူတရာ မိတ်ဆွေတယောက်
သိင်္ဂီတဝက် ရွှေတဝက် (၁၉၇၄)
အများနှင့် တယောက် (၁၉၈၃)
အဖြူရောင် သစ္စာပန်းတပွင့် (၁၉၈၈)
အကွေ့တထောင်
နောက်ဆုံးတနေ့ နောက်ဆုံးကမ္ဘာ (၁၉၇၆)

မြန်မာစာသတ်ပုံတွေကို ၁၉၈၁ ကစပြီး အမိန့်နဲ့ တပြေးညီအောင် ပြောင်းစေခဲ့တယ်။ တချို့ မြန်မာစာဆရာ၊ စာရေးဆရာ ကဗျာဆရာတွေက သဘောမတူကြပါ။ ၁၉၈၈ မတိုင်ခင်အထိ မှန်တယ်ထင်တဲ့သတ်ပုံနဲ့ ရေးသားထုတ်ဝေခွင့် ရှိတယ်။ စစ်အစိုးရတက်ပြီးတော့ အမိန့်ရသတ်ပုံမဟုတ်တာကို ထုတ်ဝေခွင့် မပေးတော့ပါ။ အဲဒီခေတ်မှာ ကြီးပြင်းလာသူတွေက အဲတာကိုသာ အမှန်လို့ထင်နေကြတယ်။ အရင်ထုတ်စာအုပ်တွေကို ပေါ်လစီသတ်ပုံနဲ့ ပြင်ရိုက် ထုတ်ဝေခြင်းဟာ စာရေးဆရာ ကဗျာဆရာတွေကို စော်ကားခြင်းဖြစ်တယ်။

တစ်လဲ မှန်တာပါဘဲ အဲလောက် sensitive ဖြစ်မနေကြပါနဲ့လို့ ကွန်မင့်တခု အခုပဲတွေ့တယ်။ အဲလိုပြောသူတယောက် ရှိလာကိုက တိုးတက်လာတာဖြစ်ပါတယ်။ သတ်ပုံဆိုတာ မူကွဲရှိတယ်။ အမှန်ကိုသိလို့ ပြင်လာကြတာတွေ တွေ့နေရတယ်။ ကောင်းတယ်။ ပညာစည်းကမ်းဆိုတာ တသွေးတသံတမိန့် မဟုတ်ပါ။ ပိုကောင်း ပိုလွယ်ကူတာကို ပြင်လာရတယ်။

မောင်(စွယ်စုံကျမ်း) http://www.mssk.info/2016/11/blog-post_28.html

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး