Induction and augmentation of labor စောပြီးမွေးပေးခြင်းနှင့် မြန်မြန်မွေးပေးခြင်း

၁။ ဆရာ မင်္ဂလာပါရှင့် ကျွန်မ အရင်ကလဲ မေးဖူးပါတယ်။ အသက် ၂၇ နှစ်ပါ။ အခု ကိုယ်ဝန်က ၃၇ ပတ်ပါရှင့်။ ကိုယ်ဝန်စရှိကတည်းက အစားလုံးဝ မဝင်ဘဲ စားသမျှ အန်ပါတယ်။ အခုထက်ထိပါပဲရှင့်။ ကျွန်မက ရိုးရိုးမွေးချင်တာပါ။ ဒါပေမယ့် အန်ရတာ အရမ်းပင်ပန်းပြီး နေလို့ထိုင်လို့လဲ မကောင်းတော့တဲ့အတွက် due date (17.2.18) ထက်လဲ စောပြီး မွေးချင်ပါတယ်။ ခွဲလဲ မခွဲချင်ပါဘူးရှင့်။ သားသမီး လေးယောက်လောက် လိုချင်လို့ပါ။ ရိုးရိုးမွေးဖို့အတွက်ကို due date ထက် စောမွေးလို့ရမယ့် နည်းလမ်းသိချင်ပါတယ်ရှင့်။

၂။ သမီးက ကိုယ်ဝန်ရာသီရက်ကို မမှတ်မိပါဘူး။ ပထမဆုံး ultrasound က DD ကို ၂ဝ ရက် ၅ လ လို့ ပေးထားပါတယ်။ အခုနောက်ဆုံးရိုက်တဲ့ ultrasound နဲ့ 4D မှာက ၃ဝ ရက် ၄လ လို့ပေးထားပါတယ်ဆရာ။ အမျိုးသားကလည်း လကုန်ရင် ခရီးဝေးသွားရတော့မှာမို့ သူရှိတုန်း စောစောမွေးချင်တယ်။ ခွဲလည်းမခွဲချင်ဘူးဆရာ။ ဆေးသွင်းမွေးဖို့ပြောတော့ သမီး OG က ဆေးသွင်းမမွေးဘူးတဲ့။ ကလေးကိုလည်း မထိခိုက်မယ့်အချိန်မီ ရိုးရိုးမွေးနိုင်မယ့်နည်းလေးရှိရင် ညွှန်ကြားပါဦးဆရာ။

OG ပြောတာကကောင်းတယ်။ ဘယ်အရာမှ တမင်လုပ်ရတာက သဘာဝလောက်မကောင်းပါ။ ခန့်မှန်းရက်တွေနဲ့ ရှေ့-နောက် ၁-၂ ပါတ်လွဲနိုင်တယ်။

ကလေးမွေးချင်လာရင် (၁) ဗိုက်နာမယ်။ (၂) အရည်ဖြစ်ဖြစ် သွေးဖြစ်ဖြစ်ဆင်းမယ်။ ကလေးစောပြီးမွေးအောင်နဲ့ မြန်မြန် မွေးအောင်လုပ်ပေးနိုင်ပါတယ်။ မွေးလမ်းကြောင်းကနေ ရိုးရိုးမွေးလာနိုင်မယ်ဆိုတာ သေချာစေရမယ်။ ကိုယ်ဝန်ဟာ ၃၇ ပါတ်ထက်မစောရပါ။ ကလေးကောင်းနေရမယ်။ မိခင်လောင်း ကောင်းနေရမယ်။ လိုအပ်ရင်ခွဲမွေးပေးဘို့ အဆင်သင့် ရှိထားရမယ်။ ဆရာဝန်ကသာလုပ်ရမယ်။ အချင်းရှေ့ရောက် မဟုတ်တာကို အာလ်ထွာဆောင်းမှာ သိထားပြီးဖြစ်ရမယ်။

သတိထားစရာတွေက အဆင့်တိုင်းမှာရှိတယ်။
- Oxytocin/Syntocinon (Pitocin) 10 Units in drip သွင်းပေးရတယ်။
- ဗိုက်နာလာရင် မွေးဖို့စတော့မယ်။
- သားအိမ်အဝ ပွင့်လာရမယ်။ သားအိမ်ဝပွင့်တာက ကျယ်ကျယ်လာရမယ်။
- သားအိမ်ဝ လိုသလောက် ပွင့်လာရင် Artificial (Early) rupture of membranes (ARM) ရေမြွှာအိတ်ကို စောပြီး ဖေါက်ပေးနိုင်တယ်။ ပိုးသေဆေးလိုနိုင်တယ်။ ကလေးနှလုံးခုန်သံကို စစ်ဆေးနေရမယ်။
- သားအိမ်ဝ အကုန်ပွင့်ပြီးနောက် ကလေးဦးခေါင်းကို ပိုမြန်စေချင်ရင် Forceps delivery ညှပ်ဆွဲ မွေးပေးနိုင်တယ်။ ဒါမှမဟုတ် Vaccum extraction လေစုပ်စက်နဲ့ ဆွဲပေးနိုင်တယ်။ တင်ပါးဆုံပြုဖြစ်နေရင် ဒီနည်း ၂ မျိုးလုံး သုံးမရပါ။

သားအိမ်အဝပွင့်လာစေအောင် ကိုယ်ဝန်ဖျက်ဆေးကိုလည်း သုံးနိုင်တယ်။ ဆေးအလေးချိန် mcg နဲ့ mg ကို အထူး သတိပြုပါ။ ကလေးအသက်သေစေနိုင်တယ်။ Misoprostol 800mcg ကို ကိုယ်ဝန်ဖျက်ရာမှာ သုံးတယ်။ Mifepristone (Mifeprex) 25mcg ကို မွေးလမ်းကြောင်းထဲ ၄ နာရီခြားထည့်ပါ။ ဒါမှမဟုတ် 50mcg ပါးစပ်က ၄ နာရီခြားသောက်ပါ။ ဒီနည်းကို ဆရာဝန်တိုင်းကတော့ မသုံးပါ။

ဆုံးဖြတ်ချက်ကိုတော့ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်ကလုပ်ပါမယ်။

Dr. တင့်ဆွေ
၂၁-၄-၂ဝ၁၅
၂၅-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး