True Reason ဘာကြောင့် ဘယ်လို

နိုင်ငံရေးလုပ်ရင် အဖမ်းခံရတာ၊ ထောင်ချခံရတာနဲ့ ထွက်ပြေးရတာတွေ ဖြစ်ကြတယ်။ ကျွန်တော့်ဇနီးက ထောင်ထဲထားပြီး စစ်ဆေးခံရတယ်။ သူ့အရင် အကြီးဆုံးသားကိုလည်း ဖမ်းခေါ်သွားပြီး စစ်တယ်။ ညီအရင်းက ထောင်လေးနှစ်တိတိ လျှော့ရက်မရ ကျတယ်။ ကျွန်တော်က ထွက်ပြေးရတယ်။

ဖမ်းတယ်ဆိုတာ ပုဒ်မဘယ်လိုတပ်တပ် နိုင်ငံရေးကြောင့် မဟုတ်တာတွေလည်း ရှိတယ်။ ကျွန်တော့်ဇနီးကို ပစ္စည်းခိုးမှုလို့ စာရွက်ပေါ်မှာရေးတယ်။ မေးတော့ ကျွန်တော် ဘယ်လိုကဘယ်လို လွတ်အောင် ထွက်ပြေးသလဲသာ မေးတယ်။ သားကိုတော့ ကျောင်းသားလှုပ်ရှားမှုမှာပါလို့တဲ့။ နဝတ သတင်းစာရှင်းလင်းပွဲမှာ ညီကို ကွန်မြူနစ်လို့စွပ်စွဲတယ်။ တကယ်တော့ ကျွန်တော်ထွက်ပြေးလို့ သူ့ကိုထောင်ချတာ။

မနေ့ကပဲ ဇနီးက သူ့အဖိုးတယောက်အကြောင်း ပြောနေသေးတယ်။ သခင်ကိုယ်တော်မှိုင်း ဘုတလင်မြို့နယ်၊ ညောင်ကန်ကိုလာပြီးနောက် အဖမ်းခံရသတဲ့။ လွတ်လာတော့ ပြောတယ်။ သတင်းစာချိန်မှာ သတင်းစာ၊ ကော်ဖီချိန် ကော်ဖီ ရောက်လာသတဲ့။ သူတို့ခေတ်က ထောင်ထဲမှာ။ ညောင်ကန်သူတွေက ငြိမ်းချမ်းရေးသီချင်းဆိုရဆိုပဲ။ သီချင်း တပိုင်းတစတောင် ရွတ်ပြနေသေး။

နိုင်ငံရေးလုပ်သူတွေ ဘာကြောင့်အဖမ်းခံရသလဲ အကြောင်းရင်းမှန်အရ သူတို့ရဲ့ နိုင်ငံရေးကို သိနိုင်တယ်။ နိုင်ငံရေးနဲ့ ဆိုင်တဲ့ တရားစီရင်ရေးဟာ နားလည်ရအခက်ဆုံးဖြစ်တယ်။ အမှန်က မခက်ပါ။ တချို့က စာရွက်ပေါ်မှာထက် ဆိုးဝါးတာ လုပ်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး