When ဘယ်တော့ သိမလဲ
မင်္ဂလာပါဆရာ။ ကျွန်တော့်အသက် ၁၉ ပါ။ ယောက်ျားလေးပါ။ ကျွန်တော်သိချင်တာလေးရှိလို့ပါဆရာ။ ဘီပိုး စီပိုး ဟာ ခန္ဓာကိုယ်ထဲ ရှိနေလား မရှိနေလားဆိုတာ သံသယရှိတဲ့အချိန်ကစပြီး အချိန်ဘယ်လောက်မှာ သွေးစစ်လို့ ရပါသလဲ ဆရာ။
Hepatitis B ဘီပိုးကို ကူးစက်ခံရပြီးနောက် သွေးစစ်ရင် HBsAg ကို ၄ ပတ်နေရင်တွေ့တယ်။ တချို့ ၁ ပတ်သာကြာပြီး တချို့ ၉ ပတ်အထိကြာနိုင်တယ်။
Hepatitis C စီပိုးကို ကူးစက်ခံရပြီးနောက် ၆-၇ ပတ်နေရင်တွေ့နိုင်တယ်။ တချို့ ၂ ပတ်သာကြာပြီး တချို့ ၆ လအထိ ကြာနိုင်တယ်။
တဆက်တည်းပြောပါရစေ။ HIV ကို သံသယဖြစ်စရာနဲ့ကြုံပြီးနောက် ၃ လနေမှသာ စစ်လို့ရတယ်။
ကိုယ်ဝန်ကို ရာသီတပတ်နောက်ကျချိန်ကစပြီး ဆီးစစ်နိုင်တယ်။ ၆-၇ ပတ်ဆိုရင် ကလေး နှလုံးခုန်သံကို သိနိုင်ပြီ။ ကလေးလှုပ်တာကို ပျမ်းမျှ ၂ဝ ပတ်မှာစသိတယ်။ အစောဆုံး ၁၆ ပတ်မှာ စသိတယ်။ သားဦးတွေက ၂၅ ပတ်အထိ စောင့်ရနိုင်တယ်။ ကလေး ကျား-မ သိဘို့ အများဆုံး ၁၈-၂၂-၂၆ ပတ်မှာရိုက်တယ်။
ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၈

Comments
Post a Comment