ဆန်း ဆမ်း စမ်း

၁။ ဆရာ ခုတော်တော်များ စာလုံးပေါင်းသတ်ပုံ အမှားတွေကို မီဒီယာတွေကိုယ်တိုင် မှားလာလို့ အမှားကိုအမှန်ထင်လာကြပြီလားမသိဘူးဆရာ။ အစမ်းမလုပ်ရကို အဆမ်းမလုပ်ရတို့ဆိုတာ အတွေ့များလာပါတယ်။

၂။ ဆရာရှင့် ကျွန်မအသက် ၅၁ပါ။ ရာသီလမမှန်တော့ပါဘူး။့ ဆီးစပ်ကခဏခဏကိုက်လိုက်ပျောက်သွားလိုက်နဲ့ ဗိုက်ထဲကလည်း နာလိုက်ပျောက်သွားလိုက်နဲ့ ထူးစမ်းနေပါတယ်။ (ထူးဆန်းလို့ ရေးရတယ်။)

ဆန်း
ဆန်းကျမ်း
ဆန်းစစ်
ဆန်းထူး
ဆန်းကြယ်
ဆန်းယဉ်နု
ဆန်းပြား
ဆန်းလိုက်ဆပ်ပြာ
ဆန်းအလင်္ကာ
ဆန်းထွေလာ
ဓါတ်ဆန်း
ပုစ္ဆာန်း = နတ်ထိန်း နတ်ဝင်
မုံ့ဆန်း
ပြုကတတ်ဆန်း
ဖြစ်ကတတ်ဆန်း
ဖြစ်ကတတ်ဆန်း
ဖြစ်ရတတ်ဆန်း
လဆန်း
အဆင်ဆန်း
နေရတက်ဆန်း
နှစ်ဆန်း

ဆမ်း
အရှတ်အဆမ်း
ဆီဆမ်း
ဟင်းရေဆမ်း
ရွဲရွဲဆမ်း

စမ်း
စုံစမ်းသည်
စမ်းစလုတ်
စမ်းတဝါးဝါး
စမ်းတိစမ်းတမ်း
စမ်းသပ်
စမ်းချောင်း
စိမ့်စမ်းရေ
လက်နှင့်စမ်းသည်
လာစမ်းပါ

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၈

Comments