The Guests သပြေပင်နား လက်ဖက်စားခြင်း

တမြန်နှစ်က မိတ်ဆွေအိမ်မှာ ဧည့်သည်လုပ်ပြီး၊ လက်ဖက်သုပ်စားခဲ့ပါတယ်။ အိမ်ရှင်ကို ကိုတရုပ်ကြီးလို့ခေါ်ပေမယ့် သူကဗမာ။

ကုလား၊ တရုပ် အခေါ်အဝေါ်တွေကို နိုင်ငံရေးလုပ်တဲ့အခုခေတ်မှာ မဟုတ်တာတွေက များတယ်။ ဝေါဟာရနောက် လိုက်ကြသူတွေကတော့ အလွန့်အလွန်များတယ်။ တောနက်ကြီးထဲတွန်းပို့ခံရတော့ မျက်စိလည်ကုန်ကြရော။ တချို့မှာ ပြန်မထွက်နိုင်ကြပါ။

ကျွန်တော်တို့ခေတ်တုန်းကတော့ နာမည်နောက်မှာ ပညာဘွဲ့ကိုသာ ထည့်တယ်။ အဲတာလည်း အမြီးတိုတယ် ရှည်တယ် ခေါ်ကြတယ်။ ခုခေတ်မှာက အမြီးကုပ်သလား ထောင်သလား။ ကျွန်တော်လည်း ကုပ်နေရတာ၊ အေးလွန်းလို့။

ဓါတ်ပုံထဲက ကျွန်တော်တို့ နှစ်နှစ်စာ ပိုပြီး အိုစာလာကြပြီ။ မြန်မာပြည်မှာ သပြေပန်းတွေ အမြဲလန်းပါစေသတည်း။ မျက်စိလည် ပျောက်ကြပါစေသည်း။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆
၃၁-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ