Wednesday, July 26, 2017

Okara လေးဒီးစ် ဖင်းဂါး

မြန်မာလူမျိုးတွေစားတာကို အမေရိကားမှာ စိုက်ကြပါတယ်။ ကွန်မင့်တခုရေးလိုက်တာ အိမ်တိုင်ယာရောက် လာပေးတယ်။ ချဉ်ပေါင်ရွက်၊ ပင်စိမ်းရွက်၊ ငရုပ်သီးနဲ့ လေဒီးစ်ဖင်းဂါး။

အင်္ဂလိပ်လိုရေးရာ အကြောင်းရှိပါတယ်။ စစ်အစိုးရခေတ်ထုတ် သတ်ပုံစာအုပ်မှာ ရုံပတီသီးတဲ့။ အွန်လိုင်းသတ်ပုံကျမ်းက ရုံးမတီသီးတဲ့။ အရင်ခေတ်ထုတ် သတ်ပုံစာအုပ်တွေမှာ ရုံးပတီသီး၊ ရုံးပတီငှက်လို့ပါတယ်။ ကျွန်တော်တို့အရပ်မှာ ရုံးပလေသီးလို့ခေါ်တယ်။ ဒေလီမှာ လေဒီးစ်ဖင်းဂါးဆိုရင် လူတိုင်းသိတယ်။ အမေရိကားမှာတော့ တမျိုးတဘာသာ အိုကရာတဲ့။

ကြုံကြိုက်လို့ ပြောရအုံးမယ်။ ဒေလီတုံးကဆေးခန်းလေးမှာ ဆရာမတွေကိုစာသင်ပေးရတော့ ခွဲစိတ်ကုဆရာဝန်ဆိုတာ အရည်အချင်း (၃) ရပ်ရှိအပ်တယ်လို့ သင်ပေးပါတယ်။
၁။ အီးဂဲလ်စ် အိုင်း = သိန်းငှက်တို့မျက်စိလို စူးရှပြီး မြင်နိုင်စွမ်း ကောင်းရတယ်။
၂။ လိုင်းယွန်းစ် ဟဒ် = ခြင်္သေ့လို သားကောင်ငယ်ပါစေ စိုက်ထုတ်တဲ့လုံ့လကို မပေါ့ရ။
၃။ လေးဒီးစ် ဟင်း = မိန်းကလေးလက်တွေလို ကိုင်တာတွယ်တာ ညင်သာရမယ်။

နောက်ရက်တွေမှာ မှတ်မိကြလားပြန်မေးတော့ ဆရာမအားလုံးက နံပတ် (၃) ကို တထပ်တည်းဖြေကြတယ်။ လေးဒီးစ် ဖင်းဂါးတဲ့။ သူတို့က စားစရာပဲ စွဲနေကြတယ်။ Smile!

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၆
၂၇-၇-၂ဝ၁၇
Thanks to Ma Hnin and Aung Kyaw Moe

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တဦးလျှင်

မန္တလေး စာအုပ်လမ်း စာပေအလှူ တဦးလျှင် (၁) အုပ်နှုန်း အခမဲ့ရယူနိုင်ပါသည်။ ရွှေချထားဖို့ကောင်းတဲ့ စေတနာ။ စိန်စီထားသင့်တဲ့ သတ်ပုံမှန်လက်ရေးစာ...